မြင်စိုင်းခေတ်
From Wikipedia, the free encyclopedia
Remove ads
ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီးကာ အပြန်တွင် ကျော်စွာ အား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ စောယွန်း၊ ရာဇသင်္ကြန် နှင့် သီဟသူ တို့ မင်းညီနောင်သုံးပါး လိုလိုအပြိုင်ဖြစ်လာကြသည်။ ပုဂံမင်းကျော်စွာအား သုတ်သင်ကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ၊ မြင်စိုင်း နှင့် ပင်လယ် တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၃ ခုနှစ် တွင် ပင်းယ နန်းတည်ကာ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။
ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသင်္ခယာစောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။
ပင်းယ တွင် မင်း ၆ဆက်၊ စစ်ကိုင်းတွင် မင်း ၇ဆက် စိုးစံကြရာ မြန်မာနိုင်ငံ မြောက်ဘက်တလွှားရှိ မောရှမ်းများ၏အကြီးအကဲ သိုချီဘွားက ပင်းယ နှင့်စစ်ကိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး လူသူအမြောက်အမြားကို ကျွန်ပြုဖမ်းဆီးယူဆောင်သွား သဖြင့် ပင်းယ နှင့် စစ်ကိုင်း မင်းဆက်များ ပျက်စီးသွားသည်။
Remove ads
ရည်ညွှန်းကိုးကား
- မသက်ဇင်ဘလော့[လင့်ခ်သေ]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads