လက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

လက်ယက်ကုန်းရွာ (အင်္ဂလိပ်: Letyetkone)သည် စစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၅၉၁ ဖြစ်သည်။ []

အချက်တိုများ လက်ယက်ကုန်း, လက်ယက်ကုန်းရွာ ...
Remove ads

၂၀၂၂ ခုနှစ် ဖြစ်ရပ်

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေး ၇ ဦး သေဆုံးခဲ့ကာ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း ဝင်တိုက်ခိုက်ရာ နောက်ထပ် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်။[] မြဝတီရုပ်သံကမူ လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ညပိုင်း သတင်းတွင် ကြေညာခဲ့သည်။[] ယင်းသို့ စစ်ဆေးခဲ့ရာတွင် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ဒေသခံများ သေဆုံးခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့သော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲမျိုး ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုထားသည်။[][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads