လေရှီးမြို့

စစ်ကိုင်းတိုင်း​ဒေသကြီးရှိမြို့​ From Wikipedia, the free encyclopedia

Remove ads

လေရှီးမြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[] အိန္ဒိယနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ ထမံသီရွာမှ တဆင့် ဟုမ္မလင်းမြို့သို့ ကားလမ်းဖြင့် ဆက်သွယ်ထားသည်။

အချက်တိုများ လေရှီးမြို့, နိုင်ငံ ...

လေရှီးဆိုသော အမည်မှာ ကသည်းဘာသာစကား လိုင်ရှီးမှ ဆင်းသက်လာပြီး မြေဆီမြေနှစ် ခမ်းခြောက်ရာဒေသဟု အဓိပ္ပာယ်ရသည်။[]

မြန်မာတနိုင်ငံလုံး ဗြိတိသျှလက်အောက် ကျပြီးနောက်၊ ၁၉၁၇ တွင် အင်္ဂလိပ်တို့ လေရှီးနယ်အတွင်း ဝင်ရောက်ကာ တပ်များကို လေရှီးအနောက်တောင်ဘက ထိန်ကွတ်၌ စခန်းချကြသည်။ ထို့နောက် ၁၉၂၃ တွင် ထိန်ကွတ်မှ လေရှီးသို့ ပြောင်းရွှေ့ကာ မြို့ အဖြစ် သတ်မှတ်သည်။

ယခုအခါ လေရှီး၊ လဟယ်နှင့် နန်းယွန်း ၃ မြို့နယ်ကို ပေါင်းစပ်ကာ ၂၉ မေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads