လောရန့်ဇ် ပြောင်းကြည့်နည်း

From Wikipedia, the free encyclopedia

လောရန့်ဇ် ပြောင်းကြည့်နည်း
Remove ads

လောရန့်ဇ် အမှတ်ချအိမ် ပြောင်းကြည့်နည်း (သို့) လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း (သို့) လောရန့်ဇ် ပြောင်းကြည့်နည်း (အင်္ဂလိပ်: Lorentz transformation) ဆိုသည်မှာ ရှုထောင့် (အမှတ်ချအိမ်; coordinate system) တစ်ခုမှ (၎င်းနှင့်နှိုင်းစာလျှင် ကိန်းသေ နှိုင်းရအလျင်တခုနှင့် ရွေ့လျားနေသည့်) အခြား ရှုထောင့်(အမှတ်ချအိမ်) အဖြစ်သို့ နှိုင်းရ ရူပဗေဒသုံး အချိန်ကုန်ဆုံးမှု တသမတ်တည်း မဖြစ်မှု သဘောအတိုင်း တွက်ချက်ပြောင်းလဲကြည့်နည်း ဖြစ်သည်။

Thumb
မင်ခေါ့ဗ်ရှကီး ရပ်ဝန်းဇာတ်၌ တစ်ပြိုင်တည်း ဟုသော သဘောတရားက ဇာတ်ကောင်အမျိုးမျိုးအတွက် မတူညီနိုင်ပုံ
Remove ads

သင်္ချာ

ဒုတိယ ရှုထောင့်(အမှတ်ချအိမ်)က ပထမ ရှုထောင့် (အမှတ်ချအိမ်)နှင့် နှိုင်းစာသော် t=t=0 ဟူသည့် ကနဦးအစ၌ ထပ်တူကျလျက် ထို့နောက်တွင် x-ဦးတည်ရာသို့ ကိန်းသေအလျင် v ဖြင့် အစဉ်ရွေ့လျားနေလျှင် ဤသို့ တွက်ထုတ်ခြင်းက လောရန့်ဇ် ရှုထောင့် ပြောင်းကြည့်နည်း ဖြစ်မည်။[][] (t, x, y, z) က ကနဦး ရှုထောင့် (အမှတ်ချအိမ်) အတွင်း၌ ရှိနေမည့် ကျပန်း ချအမှတ် (coordinate)တို့ကို ကိုယ်စားပြုပြီး (t′, x′, y′, z′) က အသစ်အဖြစ် ရွှေ့ပြောင်းကြည့်မည့် ဒုတိယ ရှုထောင့် (အမှတ်ချအိမ်)၏ ချအမှတ် (coordinate) အသစ်ရလဒ်များကို ဆိုလိုသည်။ ပါဝင်နေသည့် c က အလင်းအလျင်ဖြစ်၍ ဂမ္မာ သင်္ကေတဖြင့် က လောရန့်ဇ် မြှောက်ဖော်ကိန်း ဖြစ်သည်၊ ၎င်းမြှောက်ဖော်ကိန်းက အချိန် တိုင်းကြောင်း နှင့် နှိုင်းရအလျင် ရှိနေသော အာကာသ တိုင်းကြောင်းတို့၌ ပါဝင်နေမည်ကို သတိပြုမိနိုင်သည်။

သို့ဖြင့်
ဟူသော ကိန်းအုံအသွင်ပုံစံဖြင့်‌ အထွေထွေခြုံညှိမိအောင် ဖော်ပြရလျှင် အပြည့်အစုံအားဖြင့် အသို့ ဖြစ်မည်။[]


Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads