လျှပ်စစ်သံလိုက် ရောင်စဉ်ပျံ့နှံ့ခြင်း
From Wikipedia, the free encyclopedia
Remove ads
ရူပဗေဒပညာရပ်တွင် လျှပ်စစ်သံလိုက် ရောင်စဉ်ပျံ့နှံ့ခြင်း သည် ဟင်းလင်းပြင်၌ လျှပ်စစ်သံလိုက် ရောင်စဉ်စွမ်းအင်ပျံ့နှံ့သည့် လျှပ်စစ်သံလိုက်စက်ကွင်း၏ ဖိုတွန်လှိုင်းများကို ရည်ညွန်းသည်။ ယင်းတွင် ရေဒီယိုလှိုင်း၊ မိုက်ခရိုလှိုင်း၊ အနီအောက်ရောင်ခြည်၊ အလင်း၊ ခရမ်းလွန်ရောင်ခြည်နှင့် ဂါမာရောင်ခြည်တို့ ပါဝင်သည်။ [၁] လျှပ်စစ်သံလိုက် ရောင်ခြည်လှိုင်းတို့သည် အလင်းအလျင်ဖြင့် ခရီးသွားသည်။ အက်စ်ရေးကဲ့သို့သော အချို့ လျှပ်စစ်သံလိုက်ရောင်ခြည်တို့သည် လူ့ခန္ဓာကိုယ်အား ထိခိုက်စေသည်။ အနီအောက် ရောင်ခြည်သည် အပူကိုဖြစ်စေပြီး ခရမ်းလွန် ရောင်ခြည်သည် နေလောင်မှုကို ဖြစ်စေသည်။ အသံလှိုင်းများသည် လျှပ်စစ်သံလိုက်လှိုင်းများ မဟုတ်ပေ။ ကွမ်တမ် အီလက်ထရိုဒိုင်းနမစ်တွင် လျှပ်စစ်သံလိုက် ဓာတ်ပြုမှုနှင့် သက်ဆိုင်သော အခြေခံအမှုန်များ၏ ဖိုတွန်များ ပါဝင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads