လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့
From Wikipedia, the free encyclopedia
Remove ads
လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ သည် နိုင်ငံတကာ အဖွဲ့အစည်း သို့ မဟာမိတ်များ ဖြစ်ကြသည်။

၁၉၉၁ ဒီဇင်ဘာ ၈ ရက် တွင် ရုရှား၊ ဘီလာရုစ်၊ ယူကရိန်း တို့မှ ခေါင်းဆောင်များ က ဘီလာရုစ် နိုင်ငံ Belovezhskaya Pushcha နေရာတွင် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။ ၎င်းအဖွဲ့သို့ ဆိုဗီယက်ယူနီယံဟောင်း မှ နိုင်ငံများ ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသည်။ ထို့ပြင် ရည်မှန်းချက်တူညီသော အခြားနိုင်ငံများလည်း ပူးပေါင်း နိုင်ကြောင်း ဖော်ပြထားသည်။
ဆိုဗီယက်ယူနီယံဟောင်း ၁၅ နိုင်ငံပါဝင်ပြီး အာမေးနီယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မော်ဒိုဗာ၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ယူကရိန်း၊ ဥဇဘက်ကစ္စတန်၊ ဂျော်ဂျီယာ၊ အက်စ်တိုးနီးယား၊ လတ်ဗီယာ၊ လစ်သူယေးနီးယား တို့ဖြစ်သည်။ ၆ စက်တင်ဘာ ၁၉၉၁ တွင် ဆိုဗီယက် ယူနီယံ သည် အက်စတိုးနီးယား၊ လက်ဗေးရီးယား၊ လစ်သူရေးနီးယား တို့၏ လွတ်လပ်ရေး ကို အသိအမှတ် ပြုခဲ့သည်။ ကျန် ၁၂ နိုင်ငံ အနက် ဂျော်ဂျီယာ နိုင်ငံမှ အပ နိုင်ငံများအားလုံး လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ သို့ဝင်ရောက်ခဲ့သည်။
ထိုနိုင်ငံ့ခေါင်းဆောင်များ သည် ၂၁ ဒီဇင်ဘာ ၁၉၉၁ တွင် ကာဇက်စတန် တွင် တွေ့ဆုံကြကာ အဖွဲ့၏မူလ သဘောတူညီမှု ကို လက်ခံခဲ့ကြသည်။ ၁၉၉၃ တွင် ဂျော်ဂျီယာ နိုင်ငံသည်လည်း အဖွဲ့သို့ ဝင်ရောက်လာသည်။ သို့သော် ၂၆ ဩဂုတ် ၂၀၀၆ တွင် တခ်မနီစတန်နိုင်ငံ သည် အဖွဲ့မှ ရာသက်ပန် အဖွဲ့ဝင် အနေအထားမှ နုတ်ထွက်၍ တွဲဖက်အဖွဲ့ဝင် အဖြစ်သာ နေတော့သည်။၁၅ ဩဂုတ် ၂၀၀၈ တွင် ဂျော်ဂျီယာနိုင်ငံ သည် အဖွဲ့မှ ပြန်လည် နုတ်ထွက်၍ နောက်တစ်နှစ်အကြာ ၁၇ ဩဂုတ် ၂၀၀၉ တွင် တရားဝင်အနေဖြင့် ထွက်ခွင့်ရသည်။
အများက ရုရှားသည် လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့ ကို ဖွဲ့ပေးခြင်းအားဖြင့် ယခင်ဆိုဗီယက် နိုင်ငံဟောင်းများအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးစားနေသည် ဟု မြင်ကြသည်။ သို့သော် ၎င်းအဖွဲ့သည် ဥရောပသမဂ္ဂ ကဲ့သို့ ခပ်ဆင်ဆင် ပင်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒများ နှင့် အခြားကိစ္စရပ်များစွာတို့တွင် သဘောတူညီချက်များ ရရှိထားသည်။
ရုံးချုပ် ကို ဘီလာရုစ် နိုင်ငံ မင့်ခ် တွင် ထားရှိပြီး အမှုဆောင် ညွန်ကြားရေးမှူးက ဦးဆောင်သည်။
Remove ads
အခြားကြည့်ရန်
ပြင်ပ လင့်ခ်များ
![]() | ဤ အဖွဲ့အစည်းနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads