လွန်းထားထား (ဆေးတက္ကသိုလ်)

နှစ်ဦးသဘောတူ From Wikipedia, the free encyclopedia

Remove ads

လွန်းထားထား (ဆေးတက္ကသိုလ်) သည် မြန်မာနိုင်ငံတွင် ကျော်ကြားသော ဆရာဝန်နှင့် စာရေးဆရာဖြစ်သည်။

အချက်တိုများ လွန်းထားထား (ဆေးတက္ကသိုလ်), အမည်ရင်း ...

ငယ်ဘဝနှင့် ပညာရေး

ဦးစိုးနောင်နှင့် ဒေါ်မြရီတို့က ၁၉၇၁ ခု၊ ဇွန်လ ၈ ရက်၌ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။[] အမည်ရင်းမှာ ထားထားလင်း ဖြစ်သည်။ ဒဂုံ (၂) တွင် ၁၉၇၆ ခုနှစ်မှ စတင် ပညာသင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ၁၀ တန်းကို လေးဘာသာဂုဏ်ထူးနှင့် အောင်သည်။ ၁၉၈၇ ခုနှစ်မှစ၍ ဆေးတက္ကသိုလ် (၁) သို့ တက်သည်။ ၁၉၉၈ ခုတွင် ဆရာဝန်ဘွဲ့ ရသည်။ ၁၉၈၈ အရေးအခင်းကာလ ကျောင်းပိတ်ရက်များကြောင့် ၁၁ နှစ် ကြာမှ ဘွဲ့ရခြင်း ဖြစ်သည်။[]

အိမ်ထောင်ရေး

ဗြိတိန် သမားတော်ဘွဲ့ရသည့် အံ့ထွန်းမောင်နှင့် လက်ထပ်ကာ အင်္ဂလန်သို့ သွားနေသည်။ မေမိုးမာန်အောင် ဟူသော သမီးတစ်ယောက် ရှိသည်။

စာပေရေးသားခြင်း

ဆယ်တန်းကတည်းကပင် မဂ္ဂဇင်းများသို့ ဝတ္ထုတို/ရှည်များကို လွန်းထားထား အမည်နှင့် ပို့သည်။ ပထမဆုံး လုံးချင်းဝတ္ထုကို ၁၉၉၀ ပြည့်၊ ဇန်နဝါရီလတွင် ထုတ်ဝေနိုင်ခဲ့သည်။

ပုံနှိပ်ထုတ်ဝေပြီး လုံးချင်းဝတ္ထုများ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ထုတ်ဝေနှစ် ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads