အ.ထ.က(၂)ဒဂုံ

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် From Wikipedia, the free encyclopedia

အ.ထ.က(၂)ဒဂုံ
Remove ads

အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင်အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မ ကျောင်းအုပ်ဆရာကြီးမှာ ဦးဖိုးလတ် ဖြစ်သည်။

အချက်တိုများ အ.ထ.က (၂) ဒဂုံ မြို့မကျောင်း, လိပ်စာ ...
Remove ads
အချက်တိုများ

မြို့မကျောင်းသည် မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသားပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မအမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန်တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော်[] မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဦးချစ်သောင်း၊ ရန်ကုန်မြို့ မြို့မမိန်းကလေးကျောင်းတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင် တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။[]

ဆန်စက်ပိုင်ရှင် ပန်းကန်စက်ပိုင်ရှင် ပန်းကန်စက်ဦးသော်၊ ဆန်ပွဲစားကြီးဦးဘိုးမြိုင်၊ နှင့် ဆန်စက်ပိုင်ရှင် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ,တည် လှူဒါန်းခဲ့သည်။[] မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့သည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။

Thumb
အ.ထ.က (၂) ဒဂုံ (မြို့မအထက်တန်းကျောင်း)
Thumb
၁၉၂၀ ပြည့်နှစ် ရန်ကုန်မြို့ရှိ မြို့မကျောင်းပုံ
Thumb
၁၉၆၀ ပြည့်နှစ် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးများ
ဖိုင်:Myoma Sayagyi U Ba Lwin book.jpg
မြို့မ-မြင့်ကြွယ်မှ ရေးသားပြီး ၂၀၀၃ ခုနှစ် နိုင်ငံတော် စာပေဗိမာန် စာပဒေသာ ပထမဆုရရှိခဲ့သော ဆရာကြီးဦးဘလွင်နှင့် မြို့မကျောင်းသမိုင်းစာအုပ်
Remove ads

သမိုင်းကြောင်း

၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) က အတည်ပြုလိုက်သော တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။

မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။[] ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဦးအနီးရှိ ဗဟန်းကြားတောရကျောင်း ရွှေကျင်ကျောင်းတိုက်၊ ဦးအရိယကျောင်းတိုက်၊ တိုင်တစ်ရာကျောင်း၊ ဒေါ်ကြုတ်ဇရပ် စသော ဘုန်းကြီးကျောင်းများ၊ ဇရပ်များတွင် ဗဟိုနေရှင်နယ်အမျိုးသားကျောင်း (မြို့မ တိုင်းရင်းသားအထက်တန်းကျောင်း) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ မတ်လမှ ၁၉၂၃ မတ်လအထိ လမ်းမတော် သရက်တောကျောင်းဝင်း၊ မှန်ကင်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည်။[] မြို့မတိုင်းရင်းသားအထက်တန်းကျောင်း (မြို့မကျောင်း) ကို ဗဟန်းမြို့နယ်မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂)ဒဂုံ အဖြစ်တည်ရှိခဲ့သည်။[]

မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော်မြို့နယ်၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄:၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့ပြီး ၁၉၃၁ ခုနှစ်ဒီဇင်ဘာလ (၄) ရက်တွင်ဖွင့်လှစ်ခဲ့သည်။[] ၁၉၂၅ ခုနှစ်တွင် မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းအား တည်ထောင်ခဲ့သည်။

Remove ads

ကျောင်းအုပ်ကြီးများ

နောက်ထပ် အချက်အလက်များ ကျောင်းအုပ်, ဆောင်ရွက်ခဲ့သော ကာလ ...

မြို့မကျောင်းအုပ်ဆရာကြီး ဆရာကြီးဦးဘလွင် (၁၈၉၂-၁၉၆၈) မှာ ၁၉၂၄ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ မြို့မကျောင်းဆရာနှင့် မြို့မကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ ဦးဘလွင်သည် ၁၉၆ဝ ပြည့်နှစ်မှ ကွယ်လွန်ချိန် ၁၉၆၈ ခုနှစ်အထိကွယ်လွန်သည့်တိုင် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ အကျိုးတော်ဆောင် ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

Remove ads

မြို့မဟောင်းများ

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးများ

  • ပွဲစားကြီး ဦးဘိုးမြိုင် (ဥက္ကဋ္ဌ)
  • နိုင်ငံတော် ရာဇဝတ်တရားသူကြီး (first class) သမာဓိမြို့ဝန်၊ မြန်မာနိုင်ငံ၏ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ပန်းကန်စက်ဦးသော် (ဥက္ကဋ္ဌ)
  • ဒေါက်တာသိမ်းမောင် (ဖိနပ်-သိမ်းမောင်) (တရားရေးဝန်ကြီး၊ နိုင်ငံတော်တရားသူကြီးချုပ်)
  • ဒေါက်တာသိန်းမောင် (မြန်မာနိုင်ငံ၏ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး)
  • သူဌေးကြီး ဆာဦးသွင် (ဥက္ကဋ္ဌ)
  • ဓာတုဗေဒ မင်းကြီး သီရိပျံချီ ဦးချစ်သောင်း ( မြို့မ အမျိုးသား အထက်တန်းကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ)
  • ဆရာကြီး ဦးဘလွင် (အကျိုးတော်ဆောင်)
  • ဆရာကြီးဦးဧသွယ် (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • ဆရာကြီး ဦးစံထွား(၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • ဆရာကြီးဦးဘတင် (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)
  • နိုင်ငံတော်တရားသူကြီးချုပ် ဦးရန်အောင်
  • ခေတ်စမ်းစာပေ စတင်ဖော်ထုတ်ခဲ့သူ ဆရာဇော်ဂျီ(မြို့မကျောင်းသားဟောင်း၊ မြို့မကျောင်း ဆရာဟောင်း)
  • ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်[]
  • မြို့မဆရာဟိန် (မြို့မကျောင်းသားဟောင်း၊ မြို့မကျောင်း ဆရာဟောင်း)
  • ရန်ကုန်သတင်းစာ အယ်ဒီတာချုပ် ဆရာကြီး ဦးအောင်မြင် (မြို့မမောင်)
  • နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်)
  • ဦးယုစိုင်
  • ဒေါက်တာရွှေသွင်
  • ဗိုလ်မှူးကြီးအောင်သိန်း (ရေ)
  • ဆရာမကြီး ဒေါ်တင်တင်စိန်
  • ဆရာမ ဒေါ်ခင်မကြီး

ထင်ရှားသော ဆရာဟောင်းများ

ထင်ရှားသော ကျောင်းသား‌ဟောင်းများ

စာပေပညာရှင်များ

ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များ

  • စန္ဒရားလှထွတ်
  • စန္ဒရားငွေစိုး
  • စန္ဒရားနီနီ
  • စန္ဒရားမောင်မောင်အေး
  • တေးရေးပုဏ္ဏက
  • ထွန်းထွန်းနိုင်
  • ဆန်းဝင်း (ရွှေမန်းတင်မောင်၏သား)
  • သိုက်စိုး
  • ခင်အေးဟန်
  • နေစိုး
  • သမန်းကျားမျိုးသန့်
  • မေယု
  • မောင်သန်းဝင်း
  • ခင်သီတာထွန်း
  • သူဇာ
  • ခင်အုန်းမြင့်
  • တေးသံရှင် လှမြင့်ဦး
  • ဂီတစာဆို မောင်တင့်နွယ်
  • ဂီတစာဆို မောင်ကြေးမုံ
  • မြို့မကြည်ကြည်အေး
  • မြန်မာပြည်သိန်းတန်
  • တစ်ခိုင်လုံးရွှေ အေးအေးမြင့်
  • မို့မို့အေး (မိုးနတ်သူဇာအငြိမ့်)
  • ဒါရိုက်တာ ညီညီထွန်းလွင်
  • ဒါရိုက်တာ စိန်ဖေတင်
  • ဒါရိုက်တာ ဦးတင်ယု
  • ဒါရိုက်တာ ခင်မောင်ဦး (မောင်မဲ)
  • ဒါရိုက်တာ မောင်မောင်မြင့်
  • အကယ်ဒမီ အင်္ဂလန်စိန် (ငြိမ်းငြိမ်းအိ)
  • အောင်ရဲလင်း
  • စံရတီမိုးမြင့်[၂၅]
  • အေဝမ်းသိန်းဇော်
  • ဝင်းမော် (ရွှေသံဇဉ်)
  • ခင်ချမ်းသာ (Iron cross)
  • မိတ်ကပ် ခင်စန်းဝင်း
  • ဆိုင်းပညာရှင် စိန်မျက်ပြူး

အားကစားထူးချွန်သူများ

  • ဗိုလ်ကြီးထွန်းမောင် (အာရှအလေးမချန်ပီယံ)
  • ဦးနေဝင်း (လက်ဝှေ့)
  • ဗိုလ်ကြီးအေးသိန်း (ပြေးခုန်ပစ်)
  • ဒေါ်စိန်အေး (မယ်ဗမာ)
  • ဒေါ်ခင်မြင့်မြင့် (မယ်ဗမာ)
  • ဦးကံဦး (သေနတ်ပစ်)
  • ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) (၁၉၇၈ ရန်ကုန်တိုင်းကရာတေးချန်ပီယံ)

ဘောလုံး

  • ဆရာငြိမ်း (နည်းပြ)
  • ဆရာဦးဘသောင်း (အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ဒိုင်လူကြီး၊ ထင်ရှားသောဘောလုံးနည်းပြဆရာကြီး)
  • ဆရာဦးစိန်လှိုင် (ဘောလုံးနည်းပြချုပ်၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအများအပြားအား ပြုစုလေ့ကျင့်ပေးခဲ့သူ)
  • ဦးသောင်းမြင့်ထွန်း
  • ဦးစုရင်
  • ဦးလှရွှေလေး
  • ဦးမျိုးဝင်းညွန့်
  • ဂိုး ဦးခင်မောင်ထွန်း
  • ဂိုး ဦးလှမောင်

ကာတွန်းဆရာများ

  • ကာတွန်းဦးဟိန်စွန်း
  • ကာတွန်းဌေးဝင်းဇော်
  • ကာတွန်းမောင်ဝဏ္ဏ
  • ကာတွန်းဇော်မော်[]
Remove ads

ကျော်ကြားမှု

  • အမျိုးသားကျောင်းများအစ-မြို့မကျောင်းက
  • အမျိုးသားပညာရေးအစ-မြို့မကျောင်းက
  • အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ-မြို့မကျောင်းက ဟူ၍ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရက မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် မိုင်ဒါကွင်းကို မြို့မ ကွင်းအဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

ကျောင်းဝတ်စုံ

မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ပန်းကန်စက် ဦးသော်[] က မြို့မကျောင်း၏ လုံချည် အစိမ်းရောင်နှင့် အင်္ကျီအဖြူရောင် ကျောင်းဝတ်စုံသည် နှစ်ပေါင်းများစွာကတည်းကပင် သတ်မှတ်ဝတ်ဆင်ခဲ့ကြောင်း ယခု မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျောင်းဝတ်စုံကို တူညီဝတ်စုံ သတ်မှတ်ရာတွင် မိမိတို့ မြို့မကျောင်း၏ လုံချည်အစိမ်း အင်္ကျီအဖြူရောင်ကို စံပြ နမူနာယူပြီး သတ်မှတ်သင့်ကြောင်း၊ အဖြူရောင်သည် စိတ်ထားဖြူစင်ခြင်း။ ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်စားပြုပြီး အစိမ်းရောင်သည် စိမ်းလန်းစိုပြည်သော မြန်မာ့ ဆန်ရေစပါးကို ကိုယ်စားပြုကြောင်း၁၉၆၂ ခုနစ်တွင် မြို့မကျောင်း (၄၂) နှစ် မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ကြားခဲ့သည်။ များမကြာမီ မြန်မာနိုင်ငံ အစိုးရကလည်း တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး၏ တူညီ ဝတ်စုံ အဖြစ် အဖြူနှင့် အစိမ်းကို သတ်မှတ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် တွေ့ရှိရသည်။ ထိုကြောင့် အင်္ကျီအဖြူရောင်၊ လုံချည်အစိမ်း တူညီကျောင်းဝတ်စုံအစ၊ မြို့မက ဟူ၍ ဆိုရိုးစကား ပေါ်ထွန်းလာခဲ့သည်။[]

Remove ads

အမွေအနှစ်အဖြစ် သတ်မှတ်ခြင်း

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အထက(၂)ဒဂုံ (မြို့မကျောင်း) အား ၂၃ ခု မြောက် မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့သည်။[၂၆]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading content...

ပြင်ပလင့်ခ်များ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads