ဝဋ်မှာအမြဲ ငရဲမှာအပ

From Wikipedia, the free encyclopedia

Remove ads

ဝဋ်မှာအမြဲ ငရဲမှာအပ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

“ဝဋ်မှာအမြဲ၊ ငရဲမှာအပ” ဆိုသည်မှာ ကံ၏ အကျိုးပေးခြင်း သဘောတရားကို ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။

  • ဝဋ်မှာအမြဲ” ဆိုသည်မှာ “ဝဋ်” (ပြုခဲ့သော ကံ၏ အကျိုးဆက်) သည် “အမြဲ” (ရှောင်လွှဲ၍ မရနိုင်၊ မလွတ်ကင်းနိုင်) ဟု ဆိုလိုသည်။ မိမိပြုခဲ့သော ကံ၏ အကျိုးဆက်ကို မလွဲမသွေ ခံစားရမည်ဖြစ်သည်။
  • ငရဲမှာအပ” ဆိုသည်မှာ “ငရဲ” (မကောင်းသော ဘဝ၊ ဆင်းရဲဒုက္ခ) သည် “အပ” (ရှောင်လွှဲနိုင်သည်၊ လွတ်ကင်းနိုင်သည်) ဟု ဆိုလိုသည်။ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ငရဲဘဝသို့ ရောက်ခြင်းမှ ရှောင်လွှဲနိုင်သည်။

ဆိုလိုသည်မှာ မိမိပြုခဲ့သော ကံ၏ အကျိုးဆက်ကို မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်သော်လည်း ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် နောင်ဘဝများတွင် ဆင်းရဲဒုက္ခမှ လွတ်ကင်းအောင် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ကံ၏ အကျိုးပေးခြင်း သဘောတရားကို အလေးအနက်ထားပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် တိုက်တွန်းအားပေးသည်။

Remove ads

ကိုးကားချက်များ

  • "ရှေးက သူ့ကို သည်လို ပြုခဲ့ဖူးတာနဲ့ ယခုလည်း သူက သည်လို ပြုရရှာတာပေပဲ၊ ဒါကြောင့် ဝဋ်မှာအမြဲ၊ ငရဲမှာအပလို့ ဆိုတာပေါ့၊" []
  • "ဝိပါကဝဋ်ကြွင်း ဘုရားသော်မှ လွတ်ကင်းအောင် မရှောင်နိုင်ရာတဲ့၊ ဝဋ်အမြဲ၊ ငရဲအပတဲ့၊" []


ဝဋ်ကျွေးခံကြရသောပုဂ္ဂိုလ်များ

အရိယာပုဂ္ဂိုလ်တို့မှာ အပါယ်လေးပါးမှအပ ဖြစ်ပြီးသော်လည်း (ဝါ) ကင်းလွတ်ပြီးသော်လည်း ဝဋ်ကျွေးကိုမူ ခံကြရသေးကြောင်း၊ ထို့ကြောင့် "ဝဋ်မှာအမြဲ ငရဲမှာအပ" ဟု ပြောစမှတ်ပြုကြ၏။ ။

  1. အဍ္ဎကာသီထေရီ[]
  2. အမ္ဗပါလီထေရီထေရီ[၁၀]

ဤသို့စသည်ဖြင့် များစွာရှိလေသည်။[၁၇]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads