အရိယာ

အရိယာ၄မျိုး From Wikipedia, the free encyclopedia

Remove ads

အရိယ[] ဟူသော ပါဠိမှ အရိယာဟူ၍ ဖြစ်လာသည်။

  • (၁) (က) အပြစ်မရှိ‌သော၊ အပြစ်ကင်းသော၊ ကောင်းသောသူ။[]
  • (ခ) ကိလေသာတို့မှ ကင်းဝေးစင်ကြယ်သော၊ ဖြူစင်သော၊ မြင့်မြတ်သောသူ။ []
  • (ဂ) (နိဗ္ဗာန်ကို အလိုရှိသဖြင့်) သိအပ် ရောက်အပ်သောသူ။ []
  • (ဃ) မချွတ်မယွင်း မှန်ကန်သောသူ။ []
  • (င) ဆုတ်ယုတ် ပျက်စီးကြောင်းတရား၌ မဖြစ်တတ်သောသူ။ []
  • (စ) သတ္တဝါတို့ကို ကောင်းသော ကျင့်ဝတ်ကိုသင်ယူစေတတ် သင်ပေးတတ်သောသူ။[][]

(၂) အရိယာပုဂ္ဂိုလ်

(က) ကိလေသာတို့မှ ကင်းဝေးသော-အကျိုးစီးပွားမဲ့ကို မဖြစ်စေတတ်သော-အကျိုးစီးပွားကိုဖြစ်စေတတ်သော-သတ္တလောကသည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်အပ်သော-ကိလေသာရန်သူကို သတ်တတ်သော-မဂ်, ဖိုလ်တရားကိုရသော-ဖြူစင်သန့်ရှင်းသော-ပုဂ္ဂိုလ်၊ ပဋိဝေဓအရိယာပုဂ္ဂိုလ်။ []

(ခ) ကောင်းသောအကျင့်ရှိသော-အကျင့်ကောင်းသော-ပုဂ္ဂိုလ်၊ အာစာရ အရိယာပုဂ္ဂိုလ်။ [၁၀][၁၁]

အရိယာ ၄-မျိုး

အရိယာ ပုဂ္ဂိုလ်သည် အာစာရ အရိယာ, ဒဿန အရိယာ, လိင်္ဂအရိယာ, ပဋိဝေဓအရိယာ-ဟူ၍ ၄-မျိုး ရှိ၏၊

  • ထို၄-မျိုးတို့တွင် အရိယာတို့၏ အကျင့် တရား၌ တည်သောသူသည် (လူဖြစ်စေ, တိရစ္ဆာန်ပင်ဖြစ်စေ) အာစာရအရိယာ မည်၏။
  • ရုပ်အဆင်းအားဖြင့်လည်းကောင်း, ဣရိယာပုထ်အားဖြင့်၎င်း ကြည်ညိုစဖွယ် ရှုမြင်ရသော ပုဂ္ဂိုလ်သည် ဒဿနအရိယာ မည်၏။
  • အဝတ် အာရုံ အသွင်အပြင်အားဖြင့် ရဟန်းနှင့်တူသော ပုဂ္ဂိုလ်သည် သီလမရှိသူပင် ဖြစ်စေကာမူ လိင်္ဂအရိယာ မည်၏။
  • ဘုရားပစ္စေကဗုဒ္ဓါနှင့် မဂ်, ဖိုလ်တရားကို ရသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ပဋိဝေဓအရိယာ မည်၏။ [၁၂] [၁၁]

အရိယာပုဂ္ဂိုလ် အကျဉ်းအကျယ်

ထိုပဋိဝေဓ အရိယာသည် အကျဉ်းအားဖြင့်—မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ် ၄-ယောက်၊ ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက် ဟူ၍ အရိယာပုဂ္ဂိုလ် ၈-ယောက် ရှိသည်။

အကျယ်အားဖြင့်ကား—[၁၃]-တို့၌ ၉၆-ယောက် ပြ၏။ [၁၄]-တို့၌ ၁၀၈-ယောက် ပြ၏။ [၁၅]-တို့၌ ၁၄၆-ယောက် ပြ၏၊ အရိယသာဝက-လည်း ကြည့်။)[၁၁]

သံပေါက်ကဗျာ

အရိယာဆိုသည်မှာ-
ဒိ ဝိ သီ ဣ၊ မရှိမှန်စွာ။ မစ္ဆရိယလည်း၊ ထိုနည်းယူပါ။
သောတာပန်များ၊ ပယ်ငြားလေရာ။ တရားငါးပါး၊ မှတ်သားကြလေပါ။
လောဘခေါ်ငြား၊ တရားရာဂါ။ ဒေါသ မောဟ၊ ဓမ္မမှန်စွာ။
နည်းလှ ပါးလှ၊ ဖြစ်ကြသူမှာ။ ခေါ်ဆိုကြ၊ သကဒါဂါမ်ပါ။
ကာမခေါ်ငြား၊ တရားရာဂါ။ ဒေါသတသီး၊ အပြီးမှတ်ပါ။
လုံးဝကင်း၍၊ ရှင်းလင်းသူမှာ။ ခေါ်ဆိုဘိ၊ မှတ်သိ အနာဂါမ်။
ကိလေသာများ၊ တရားဖြာဖြာ။ လုံးစုံကင်းလို့၊ ရှင်းလင်းလေရာ။
ထိုသောသူအား၊ ခေါ်ငြားမှန်စွာ။ ရဟန္တာ ခေါ်ကြမလွဲပါ။ ။

ပိဋကလမ်းညွှန်လာ အရိယာများအကြောင်း

ကာဠိဂေါဓသုတ်[၁၆]၊ အရိယာတို့မှာ ရတနာ သုံးပါး၌ သက်ဝင်မှု၊ သီလလုံခြုံမှု၊ ပေးကမ်းမှုတို့၌ မြဲသောကြောင့် အပါယ်လေးပါး မလားရကြောင်း။

[၁၇] အရိယာတို့မှာ ကိုယ့်ဂုဏ်ကို ကိုယ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ [၁၈] သပ္ပုရိသသုတ်

ဂိဉ္ဇကာဝသထသုတ်[၁၉] အရိယာသာဝကတို့မှာ ဗုဒ္ဓ ဓမ္မ သံဃ အနုဿတိ သုံးပါး၊ အရိယကန္တ သီလ (ငါးပါး သီလ) ဤလေးပါး မြဲကြကြောင်း ဟောထား၏၊ (ပ-ဒု-တ-သုတ်)။

ဂုဏဇာတ်[၂၀] အရိယာပုဂ္ဂိုလ်တို့မှာ မျက်နှာမလိုက်တတ်ကြောင်း၊ ကျေးဇူးရှိသူကို ရှိသည့်အလျောက် ချီးမြှောက်တတ်ကြောင်း၊

ဇီဝိတာရောပနကထာ၌ [၂၁] အရိယာပုဂ္ဂိုလ်တို့ မလွန်ကျူးသောအရာများကို ရှင်းပြခန်း။

တိဿဗြဟ္မာသုတ်[၂၂] ဥဘတောဘာဂ ဝိမုတ္တစသော ပုဂ္ဂိုလ်တို့၌ သဥပါဒိသေသ၊ အနုပါဒိသေသ ဖြစ်သည်ကို သိနိုင်သော အရိယာ ဗြဟ္မာများရှိကြောင်း ဟောထား၏။

ဓမ္မိကသုတ်[၂၃] အဘိညာဉ်ရ အနာဂါမိမဂ်၌ တည်သော ဥပါသကာက မေးလျှောက်၍ ဘုရားရှင်က ရဟန်းအရိယာ လူအရိယာတို့၏ အကျင့်ကို ခွဲခြားဟောထား၏။

နာနာကရဏသုတ်[၂၄] ဗြဟ္မာပြည်ရောက်သော ပုထုဇဉ်တို့မှာ ဈာန်အရှိန်ကုန်က အပါယ်လေးပါးသို့ လားကြရပြန်ကြောင်း၊ (ဗြဟ္မာပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရှုတ်ရှုတ်ဟူလို)၊ အရိယာပုဂ္ဂိုလ်တို့ကား ထိုဗြဟ္မာပြည်၌ပင် ပရိနိဗ္ဗာန်စံကြကြောင်း ဟောထား၏။ ဤသို့ ထူးခြား ကြသည်ဟူလို။ ။ [၂၅] အရိယာဗြဟ္မာတို့ သုဒ္ဓါဝါသ ဘုံရောက်ကြပုံ ဟောထား၏။ မေတ္တာသုတ်[၂၆]လည်း ကြည့်။

နီတမထေရ်သည် [၂၇] ဦးခေါင်းပေါ် သင်တုန်းဓားသွား တင်ကာမျှ ကာလတွင် ရဟန္တာဖြစ်သော မထေရ်၊ မဟာအရိယာဝံသအကျင့်ကို ကျင့်ပြီး ပံသုကူ ကောက်ရာတွင် မဟာဗြဟ္မာ (၇၀၀)တို့က တပြိုင်နက် ရှိခိုးကြကြောင်း၊ ဋ္ဌ-၌ ဂါထာများ ပါ၏။

ပစ္စယသုတ်[၂၈] ပဋိစ္စသမုပ္ပန္နဓမ္မကို ဟောထား၏၊ အရိယသာဝကတို့မှာ ယုံမှားခြင်း “၁၆” ပါးမှ လွတ်ပြီ ဖြစ်ကြောင်း၊ [၂၉]

ပတ္တကမ္မသုတ်[၃၀] လူအရိယာတို့မှာ အဘိဇ္ဈာစသည်၏ အပြစ်ကိုမြင်၍ ပယ်ကြပုံ၊ အသက်မွေးပြုပုံ၊ နေထိုင်ကြပုံကိုလည်း ဟောထား၏။ ဂါထာများပါ၏၊ တရားသဖြင့် စီးပွားရှာ၍ ရအပ်သော အကျိုးလေးပါး။

ပပတိတသုတ်[၃၁] အရိယာသီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဤလေးပါးနှင့် မပြည့်စုံလျှင် ဓမ္မ, ဝိနယမှ လျောကျ၍ ပြည့်စုံလျှင် မလျှောကျနိုင်ကြောင်း ဟောထား၏၊ ဂါထာပါ၏။

[၃၂] ပါရိဆတ္တကသုတ်[၃၃] တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ပွင့်လျှင် နတ်တို့မှာ ၄-လတိုင်တိုင် ပျော်မြူးကြပုံနှင့် နှိုင်းယှဉ်၍ အရိယာသာဝကတို့ ပျော်မြူးခြင်း ၇-မျိုး ဟောထား၏၊ မှတ်သားဖွယ်။

ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည်ရာဇဂြိုဟ်ပြည်ကပိလဝတ်ပြည်ရှိ အရိယာများကိုရေတွက်ပြခန်း၊ [၃၄]

မဟာနာမသုတ်[၃၅] အရိယာပုဂ္ဂိုလ်တို့မှာ ရှေ့အနုဿတိ ၆-ပါးဖြင့် အနေများကြကြောင်း ဟောထား၏၊ [၃၆] အရိယာပုဂ္ဂိုလ်ကို ဖြည့်ကျင့်နေထိုင်ပုံ ၁၁-ပါးကို ဟောထား၏၊ [၃၇] ဥပါသကာတို့ သိမှတ် ဘွယ်ရာများ။ ။


အဂ္ဂပ္ပသာဒသုတ်[၃၈] မှတ်သားဖွယ် ဂါထာများ၊ သတ္တဝါများတွင် ဘုရားရှင်၊ တရားများတွင်နိဗ္ဗာန်၊ သံဃာများတွင် အရိယာသံဃာ အမြတ်ဆုံးဖြစ်ကြောင်း ဟောထား၏။ [၃၉] ဤ၌အညွှန်းများပါရှိ၏။

လောကဓမ္မသုတ်(ပ-ဒု)၊ [၄၀] ။ ဒုတိယလောကဓမ္မသုတ်၌-ပုထုဇဉ်တို့မှာ လောကဓမ် ၈-ပါး၌ လက္ခဏာရေးသုံးပါး တင်၍ မရှုနိုင်ကြကြောင်း၊ အရိယာပုဂ္ဂိုလ်တို့ကား ရှုနိုင်ကြကြောင်း ဟောထား၏။

ဝဍ္ဎီသုတ်[၄၁] (ပ-ဒု)၊ ကြီးပွါးခြင်းအကြောင်းအင်္ဂါများကို ဟောထား၏။ [၄၂] အရိယာပုဂ္ဂိုလ်တို့ ကြီးပွါးခြင်းအကြောင်း ၁၀-မျိုးကို ဟောထား၏။

သက္ကဝတ္ထု [၄၃]၊ သီလအနံ့မှာ မွှေးကြိုင်လှ၏ဟု လျှောက်ထားပုံ၊ ဘုရားရှင်ဝမ်းသွားထားသော အညစ်အကြေးများကို သိကြားမင်း က ဦးခေါင်းပေါ် တင်ယူသွားပြီးစွန့်ပုံ၊ အရိယာနှင့်ပေါင်း ချမ်းသာကြောင်း၊ လူမိုက်နှင့်ပေါင်း ဆင်းရဲကြောင်းဂါထာ။

[၄၄] ၂၊ အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားသည် အဓိဂမသဒ္ဓါမည်၏။ ။ (တနည်း)ပစ္စက္ခသဒ္ဓါမည်၏။

သမဏသုတ်[၄၅] ဤသာသနာ၌သာ အရိယာသမဏ ရှိနိုင်ကြောင်း ဟောထား၏။ စူဠသီဟနာဒသုတ်[၄၆] အရိယာသမဏမှာ ငါဘုရားသာသနာ၌သာရှိ ၏ဟု ရဲရင့်စွာ ကြုံးဝါးတော်မူပုံ။ သေက္ခသုတ်[၄၇] သေက္ခပုဂ္ဂိုလ်တို့မှာ သစ္စာလေးပါးကိုသိခြင်း၊ အညတိတ္ထိယ သာသနာ၌ အရိယာသမဏတို့ မရှိကြောင်းကို သိခြင်း၊ အသေက္ခပုဂ္ဂိုလ်တို့မှာ သဒ္ဓိန္ဒြေစသည် ၅-ပါး၊ စက္ခုန္ဒြေစသည် ၆-ပါးကိုသိခြင်းနှင့် ပြည့်စုံကြကြောင်း ဟောထား၏။ ။

သလ္လသုတ်၊ [၄၈] အဿုတဝါ ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ်တို့ ဝေဒနာခံစားရပုံချင်း တူသော်လည်း သောကပရိဒေဝ စသည်ဖြစ်ခြင်း၊ မဖြစ်ခြင်းကား ကွာခြားကြကြောင်း ဟောထား၏။

သဟဿဘိက္ခုနီသံဃသုတ်[၄၉] အရိယာပုဂ္ဂိုလ်တို့ ပြည့်စုံသောတရား လေးပါးကို ဟောထား၏၊ (ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ အရိယာကန္တသီလ)၊

ဘုရားရှင်လက်ထက်တော် အခါ၌ သာဝတ္ထိ ပြည်၌ လူအရိယာ ၅-ကုဋေ၊ လူပုထုဇဉ် ၂-ကုဋေမျှရှိကြောင်း ဖွင့်ပြထားပုံ၊ [၅၀]

သိက္ခာသုတ် (ပဌမ)၊ [၅၁] အရိယာရဟန်းတော်တို့မှာ ခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်များကို ရံခါကျူးလွန်မိကြသေးသော်လည်းသိက္ခာ သုံးပါး၌ ဓုဝသီလ, ဌိတသီလဖြစ်ကြောင်း ဟောထား၏၊ ဒုတိယ၊ [၅၂] သောတာပန်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ် ၅-မျိုးကို ဟောထား၏၊

သီလသုတ်[၅၃] အရိယာအသျှင်မြတ်တို့ကို မြင်ရကြားရရာ၌ အားတက်ပြီး အတုယူ၍ ဗောဇ္ဈင်ကို အားထုတ်လျှင် ၇-ပါးသောအကျိုးကို ရနိုင်ကြောင်း ဟောထား၏။

သုနေတ္တသုတ်[၅၄] အရိယာပုဂ္ဂိုလ်တို့ကို ပြစ်မှားခြင်းမှာ သာသနာပ ပုဂ္ဂိုလ်ကောင်းများကို ပြစ်မှားသည်ထက် အပြစ်ကြီးလေးလှကြောင်း ဟောထား၏။

သေဋ္ဌဓမ္မပဥှ၌ [၅၅] လူအရိယာပုဂ္ဂိုလ်တို့က ပုထုဇဉ် ရဟန်း သာမဏေတို့အား ရှိခိုးရပုံကို ရှင်းပြခန်း။

အက္ကောသသုတ်[၅၆] အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှား ပြစ် ၁၀-ပါးကို ဟောထား၏။

Remove ads

အရိယာဥစ္စာ ၇-ပါး

(၁) သဒ္ဓါ ဓနံ-ရတနာသုံးပါးဂုဏ်တရားနှင့် ကံ ကံ၏အကျိုးများကိုယုံစားခြင်း၊
(၂) သီလ ဓနံ-သီလတည်းဟူသောဥစ္စာ၊
(၃) ဟိရီ ဓနံ- မကောင်းမှု၌ရှက်ခြင်းဥစ္စာ၊
(၄) ဩတ္တပ္ပ ဓနံ- မကောင်းမှု၌ကြောက်ခြင်းဥစ္စာ၊
(၅) သုတ ဓနံ- အကြားအမြင်များခြင်းဥစ္စာ၊
(၆) စာဂ ဓနံ- ပေးစွန့်လှူဒါန်းခြင်းဥစ္စာ၊
(၇) ပညာ ဓနံ- မဂ်ဖိုလ် ပညာဥစ္စာ။
[၅၇]

[၅၈] (သဒ္ဓါ-ဟိရိမာ-ဩတ္တပ္ပီ-ဗဟုဿုတ-အာရဒ္ဓဝီရိယ-ဥပဋ္ဌိတဿတိ-ပညာဝါ)၊ အရိယာဓန ၇-ပါး ဟူ၍လည်း ခေါ်ကြ၏။

Remove ads

အရိယာ ကထာမျိုး ၁၀-ပါး

အရိယာပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသောစကားမျိုး ၁၀-ပါးဟူ၏။
(၁) အလိုနည်းမှုနှင့်စပ်သောစကား၊
(၂) ရောင့်ရဲလွယ်မှုနှင့်စပ်သော၊
(၃) ဆိပ်ငြိမ်မှုနှင့်စပ်သော၊
(၄) ရှင်လူတို့နှင့် ရောရောစပ်စပ်မဆက်ဆံလိုကြောင်းနှင့်စပ်သော၊
(၅) ဝိပဿနာတရားအားထုတ်ကြိုးစားမှုနှင့်စပ်သော၊
(၆) သီလ နှင့်စပ်သောစကား၊
(၇) သမာဓိ နှင့်စပ်သောစကား၊
(၈) ပညာ နှင့်စပ်သောစကား၊
(၉) မဂ်ဖိုလ်နှင့်စပ်သောစကား၊
(၁၀) ပစ္စဝက္ခဏာဉာဏ်နှင့်စပ်သောစကား။

အရိယာတို့ နှလုံးမသွင်းမပြုလုပ်သောတရား ၈-ပါး

(၁) သင်္ခါရတရားစုကို သုခဟုနှလုံးမသွင်းခြင်း၊
(၂) အတ္တဟု နှလုံးမသွင်းခြင်း၊
(၃) မာတုဃာတက၊
(၄) ပိတု ဃာတက၊
(၅) အရဟန္တဃာတက၊
(၆) လောဟိတုပ္ပါဒက၊
(၇) သံဃဘေဒကကံတို့ကို မကျူးလွန်တော့ခြင်း၊
(၈) ဗုဒ္ဓသာသနာတော်မှ တစ်ပါးသောဆရာတို့ကို မရှာမှီးတော့ခြင်း။

အရိယာပုဂ္ဂိုလ် ၉၆-ယောက် ကို သည်မှာ ကြည့်ပါ။ (၁) သောတာပန် ၂၄-ယောက်
(၂)သကဒါဂါမ် ၁၂-ယောက်
(၃) အနာဂါမ် ၄၈-ယောက်
(၄) ရဟန္တာ၁၂-ဦး ပေါင်း ၉၆-ယောက်ဖြစ်၏။[၅၉]

အရိယာ ဖိုလ် ၄-ပါး

အရိယာပုဂ္ဂိုလ်တို့သာ နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်သော အရိယာမဂ်၏ အကျိုးဖြစ်သော `ဖိုလ်စိတ် ၄-ပါး´ကိုခေါ်သည်။

အရိယာတို့၏ဂုဏ်ကျေးဇူးတော် ၃၀

အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။
(၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
(၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
(၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၌ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
(၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၌ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
(၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
(၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
(၇) နှစ်သက်အပ်သောသူဟူ၍အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
(၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
(၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
(၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊
(၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုမြင်ခြင်း၊
(၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
(၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
(၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
(၁၅) ဈာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
(၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
(၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
(၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
(၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
(၂၀) နှိမ့်ချစွာနေခြင်း၊
(၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊
(၂၂) ဂတိတရားမှလွတ်ခြင်း၊
(၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
(၂၄) ဝိမုတ္တိဈာန်ကို အလိုရှိခြင်း၊
(၂၅) မြင်အပ်သောတရားရှိခြင်း၊
(၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
(၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
(၂၈) အာသဝေါကုန်ခြင်းသို့ ရောက်ခြင်း၊
(၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
(၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။

Remove ads

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads