သက်ထွန်း (ဝဏ္ဏကျော်ထင်)

From Wikipedia, the free encyclopedia

သက်ထွန်း (ဝဏ္ဏကျော်ထင်)
Remove ads

ဝဏ္ဏကျော်ထင် ဦးသက်ထွန်း (၁၉၂၆-၂၀၁၂) သည်[] သံအမတ်၊ သမိုင်းပညာရှင်၊ စာရေးသူ ဖြစ်သည်။

အချက်တိုများ ဦးသက်ထွန်း, မွေးဖွား ...
Remove ads

ငယ်ဘဝ

ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်တို့မှ ၁၉၂၆ ခု၊ ဩဂုတ်လ ၈ ရက်တွင် မွေးသည်။

မြို့မအမျိုးသားကျောင်း (အ.ထ.က(၂) ဒဂုံ) တွင် ပညာသင်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။ ဂျပန်သို့ ပညာတော်သင် သွားရသည်။ အင်္ဂလန်သို့လည်း ပညာသင်ရာ လန်ဒန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ ရခဲ့သည်။

အသက်မွေး ဝမ်းကျောင်းမှု

၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ဝန်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ တာဝန်ယူခဲ့သည်။ ယင်းကာလအတွင်း ကမ္ဘာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)၊ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေး ကော်မရှင် (ECAFE)၊ ကမ္ဘာဘဏ် (IBRD) တို့၌ တနှစ်ခန့်စီ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၅ မှ ၇၈ အထိ ပြင်သစ်ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သည်။[] ဆွစ်ဇာလန်နိုင်ငံနှင့် စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မတီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့၊ ယူနက်စကိုဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။

ထွန်းဖောင်ဒေးရှင်းဘဏ်၌ ဒါရိုက်တာအဖြစ် ဆောင်ရွက်သည်။

Remove ads

စာပေ ရေးသားခြင်း

မြန်မာ့သမိုင်း အဖွဲ့ဝင်အဖြစ် ဒေါက်တာ သန်းထွန်းဒေါက်တာ သော်ကောင်း၊ မြန်မာစာအဖွဲ့ဝင် ကထိက ဒေါ်မြင့်သန်း၊ သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မမြင့်ကြွယ်)၊ တက္ကသိုလ် စာပေးစာယူဌာနမှူး ဦးစန်း စသော ပညာရှင်များနှင့်အတူ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁၇ ရက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားကျောင်းအဖြစ် မြို့မကျောင်း စတင်ခဲ့ကြောင်း ၁၉၉၅ ခု၌ သမိုင်းအထောက်အထားပြုစုရာတွင် ပါဝင်ခဲ့သည်။

အတွေးအမြင် စာစောင်၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး၊ အခြား မဂ္ဂဇင်းစာစောင်များတွင် အတွေ့အကြုံ ဆောင်းပါးများနှင့် အခြား ဆောင်းပါးများ ရေးသည်။

ရေးသားသော စာအုပ်များ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ထုတ်ဝေနှစ် ...

အသင်းအဖွဲ့ဆိုင်ရာ လှုပ်ရှားမှု

မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅) တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချစ်လှိုင်၊ အငြိမ်းစား ဗိုလ်ချုပ် သောင်းတင်၊ ဗိုလ်ချူပ် စိန်ထွား၊ ဗိုလ်မှူးကြီး ညွန့်ဆွေ၊ ကထိက ဒေါ်မြင့်သန်း၊ တက္ကသိုလ် စာပေးစာယူဌာနမှူး ဦးစန်း စသော မြို့မ ကျောင်းသားဟောင်းများနှင့်အတူ ကျင်းပရေးကော်မတီ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ သည်။

Remove ads

ဘဝနိဂုံး

၂၀၁၂ ခု၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်ခင်ခင်အုန်းနှင့် သားသမီး ၄ ယောက် ကျန်ရစ်သည်။ []

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads