ဝန်ကြီး
From Wikipedia, the free encyclopedia
Remove ads
ဝန်ကြီးဆိုသည်မှာ ဝန်ကြီးဌာနတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဝန်ကြီးဌာနများကို ဦးဆောင်သည့် ပုဂ္ဂိုလ်ဖြစ်သည်။[၁]ဝန်ကြီးသည် သက်ဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ရန် ချမှတ်လေ့ရှိပြီး အခြားသော ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းရေး ညွှန်ကြားရလေ့ရှိသည်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်လည်း ဖြစ်သည်။
အချို့တိုင်းပြည်များတွင် အစိုးရအဖွဲ့အကြီးအကဲများသည်လည်း ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူလေ့ရှိသည်။ဥပမာ- ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အစိုးရအဖွဲ့အကြီးအကဲအဖြစ် ဝန်ကြီးချုပ်ရာထူးနှင့် ကာကွယ်ရေးဝန်ကြီးရာထူး ပူးတွဲထမ်းဆောင်ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့၏ ပူးတွဲခေါင်းဆောင်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီးများအဖြစ်ပါ တာဝန်ယူခဲ့သည်။
Remove ads
ဝန်ကြီးအဆင့် ရာထူး
ဝန်ကြီးအမည်ဖြင့် မဟုတ်ဘဲ ဝန်ကြီးအဆင့်ရှိသော ရာထူးများလည်းရှိသေးသည်။ ဥပမာ- ပြည်ထောင်စုရှေ့နေချုပ်ရာထူးသည် ဝန်ကြီးအဆင့်ရှိပြီး အစိုးရအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်ကို ပြည်ထောင်စုဝန်ကြီးအဆင့် ရာထူးအဖြစ် သတ်မှတ်ထားသ်ည။
လက်ရှိ အသုံးပြုပုံ
မြန်မာနိုင်ငံတွင် ဗဟိုအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးဟု သုံးနှုန်းပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုမူ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရ ဝန်ကြီးဟု သုံးနှုန်းပါသည်။
အင်္ဂလိပ်အသုံးအနှုန်း
ဝန်ကြီးကို များသောအားဖြင့် Minister ဟု သုံးစွဲကြသည်။ ဖိလစ်ပိုင်၊ အမေရိကန်၊ ဗြိတိန် စသည့်နိုင်ငံအချို့တွင် secretary (secretaries) ဟုသုံးစွဲသည်။ဥပမာ- ဗြိတိန်တွင် ပြည်ထဲရေးဝန်ကြီးကို Home Secretary ဟူ၍လည်းကောင်း၊ အမေရိကန်နိုင်ငံတွင် Secretary of State ဟူ၍လည်းကောင်း သုံးစွဲကြသည်။
ဝန်ကြီးအမျိုးအစားများ
ဝန်ကြီးဌာနများနှင့် ဝန်ကြီးများသည် နိုင်ငံအလိုက်၊ အခြေအနေအလိုက် စသည်ဖြင့် အမျိုးမျိုးကွဲပြားသော်လည်း နိုင်ငံများအကြား ယေဘူယျအားဖြင့် တူညီသော ဝန်ကြီးဌာနနှင့် ဝန်ကြီးများရှိသည်။၎င်းတို့မှာ
- စိုက်ပျိုးရေးဝန်ကြီး
- စီးပွားရေးဝန်ကြီး
- ဆက်သွယ်ရေးဝန်ကြီး
- ယဉ်ကျေးမှုဝန်ကြီး
- ကာကွယ်ရေးဝန်ကြီး
- လျှပ်စစ်ဝန်ကြီး
- ပြည်ထဲရေးဝန်ကြီး
- ပညာရေးဝန်ကြီး
- စွမ်းအင်ဝန်ကြီး
- သဘာဝပတ်ဝန်းကျင်ဝန်ကြီး
- ဘဏ္ဍာရေးဝန်ကြီး
- နိုင်ငံခြားရေးဝန်ကြီး
- ကျန်းမာရေးဝန်ကြီး
- စက်မှုဝန်ကြီး
- တရားရေးဝန်ကြီး
- အလုပ်သမားဝန်ကြီး
- အားကစားဝန်ကြီး
- ခရီးသွားလာရေးဝန်ကြီး
စသည်ဖြင့်ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads