အစိုးရအဖွဲ့အကြီးအကဲ

From Wikipedia, the free encyclopedia

အစိုးရအဖွဲ့အကြီးအကဲ
Remove ads

အစိုးရအဖွဲ့အကြီးအကဲဆိုသည်မှာ နိုင်ငံတစ်ခု၊ နယ်မြေတစ်ခု စသည်တို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းတွင် အမြင့်ဆုံး သို့မဟုတ် ဒုတိယအမြင့်ဆုံး ခေါင်းဆောင်ကို ယေဘူယျခေါ်ဆိုခြင်းဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲသည် များသောအားဖြင့် နိုင်ငံတော်အကြီးအကဲနှင့် မတူဘဲ တာဝန်ဝတ္တရား၊ လုပ်ပိုင်ခွင့်၊ အာဏာများ ကွာခြားလေ့ရှိသည်။ သမ္မတ၊ အဓိပတိ၊ ဝန်ကြီးချုပ် စသော အစိုးရအဖွဲ့အကြီးအကဲများ၏ လုပ်ပိုင်ခွင့်သည် နိုင်ငံအလိုက်ကွဲပြားမှုရှိသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအကြီးအကဲသည် တစ်ဦးတည်းဖြစ်ကာ အချို့နိုင်ငံများတွင် သပ်သပ်စီဖြစ်သည်။[][][]

Thumb
ဦးသိန်းစိန်နှင့်အိုဘားမား
Thumb
သမ္မတ စဝ်ရွှေသိုက်

စည်းမျဉ်းခံဘုရင်စနစ်အပါအဝင် ပါလီမန်စနစ်များတွင် အစိုးရအဖွဲ့အကြီးအကဲသည် ရာထူးလက်ရှိ အမှန်တကယ်လုပ်ပိုင်ခွင့်ရှိသူဖြစ်သည်။ သမ္မတစနစ်နှင့် ဘုရင်စနစ်များကို ကျင့်သုံးသည့်နိုင်ငံများတွင် အကြီးအကဲမှာ တစ်ဦးတည်းဖြစ်သည်။

Remove ads

အမည်နာမ

အစိုးရအဖွဲ့အကြီးအကဲအတွက် နိုင်ငံအများစု၏ အမည်နာမမှာ ဝန်ကြီးချုပ် (Prime Minister)ဖြစ်သည်။ သို့သော် အချို့နိုင်ငံများတွင် Chancellor၊ Secretary of State စသည်ဖြင့် အသုံးပြုသည်။

အင်္ဂလိပ် အခေါ်အဝေါ်များ

  • Chancellor (အဓိပတိ) (ဂျာမန်စကားပြောနိုင်ငံများတွင် အဓိကအားဖြင့် အသုံးပြုခဲ့ပြီး ယခုအခါ ဂျာမနီနှင့် ဩစတြီးယားတို့တွင် အသုံးပြုသည်။)
  • Chief Minister (နိုင်ငံတော်အဆင့်အောက် (ခရိုင် သို့မဟုတ် ပြည်နယ်အဆင့်)
  • Chief Executive (နိုင်ငံတော်အဆင့်အောက် (ခရိုင် သို့မဟုတ် ပြည်နယ်အဆင့်))
  • First Minister (နိုင်ငံတော်အဆင့်အောက် (ခရိုင် သို့မဟုတ် ပြည်နယ်အဆင့်))
  • Minister-President
  • Premier (ပြင်သစ်ဘာသာစကား ဖြစ်သည်)
  • President of the Council of Ministers
  • President of the Council of State
  • President of the Executive Council
  • President of the Government
  • State Counsellor (မြန်မာနိုင်ငံတွင်သာ သီးသန့်အသုံးပြုသည်) (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
  • State President (တောင်အာဖရိကတွင်သာ သီးခန့်အသုံးပြုခဲ့သည်။)
  • Taoiseach (အိုင်ယာလန်တွင် အသုံးပြုသော အခေါ်အဝေါ်)
Thumb
ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံ Secretary of State ဟီလာရီ ကလင်တန်
Thumb
မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်
Thumb
ဂျာမနီအဓိပတိ အင်ဂျလာ မာကယ်
Remove ads

မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် ယခင်က သမ္မတမှာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတမှာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်သကဲ့သို့ နိုင်ငံတော်ခေါင်းဆောင် ဖြစ်သည်။

သို့သော်၂၀၁၆ ဦးထင်ကျော်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတမှာ အစိုးရနှင့် နိုင်ငံတော်ခေါင်းဆောင်အမည်ခံကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ပူးတွဲအုပ်ချုပ်ကြသည်။

Remove ads

နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်

အချို့နိုင်ငံများတွင် နိုင်ငံတော်နှင့် အစိုးရအဖွဲ့ခေါင်းဆောင်မှာ အတူတူဖြစ်သည်။

တချို့ဘုရင်နိုင်ငံများတွင် ဘုရင်သည် ခေါင်းဆောင်ဖြစ်သည်။ ဥပမာ ဘရူနိုင်းဆူလ်တန်၊ ဆော်ဒီဘုရင်တို့ ဖြစ်သည်။

Thumb
ဘရူနိုင်းဆူလ်တန်ဟာဆာနယ်ဘိုကီးယား

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads