ဝီဇယ်မျိုးရင်း

From Wikipedia, the free encyclopedia

ဝီဇယ်မျိုးရင်း
Remove ads

ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း (Mustelidae[]) ဆိုသည်မှာ ဝီဇယ် (ဝါ) မြွေပါမြီးတိုများနှင့် ၎င်း၏မျိုးနွယ်တူများဖြစ်ကြသည့် ဖျံများဆတ်ခလောက်များကြောင်ပျံများ ပါဝင်သော ဇီဝမျိုးတူတိရစ္ဆာန်များအုပ်စု တစ်စုဖြစ်သည်။ ယင်းအုပ်စုသည် အသားစားနို့တိုက်သတ္တဝါများ မျိုးစဉ်(Canivora) ထဲတွင်ပါဝင်ပြီး ခွေးအသွင်ရှိ တိရစ္ဆာန်များ မျိုးစဉ်ခွဲအောက်တွင်ပါဝင်သော မျိုးရင်းအဆင့် အုပ်စုဖြစ်ပြီး ၎င်းအား ပါဏဗေဒအလိုအရ မက်စတယ်လီဒီ(Mustelidae) ဟုခေါ်သည်။[]

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အမျိုးအစား မျိုးစု ...
Thumb
ဥရောပ ဖျံ

ဝီဇယ် (သို့) မြွေပါမြီးတို မျိုးရင်းသည် နို့တိုက်သတ္တဝါ မျိုးပေါင်းတွင် ပါဝင်သော မျိုးကွဲအများဆုံးနှင့် အုပ်စုအကြီးဆုံး မျိုးရင်းလည်းဖြစ်သည်။ ယင်းမျိုးရင်းဝင်တိရစ္ဆာန်များ၏ အရွယ်အစားသည်လည်း ကြွက်ကို အမဲလိုက်သော မြွေပါမြီးတိုအရွယ်မှ ၎င်းတို့ခန္ဓာကိုယ်ထက် အဆများစွာပိုကြီးသည့် သားကောင်ကို အမဲလိုက်သော မြွေပါခွေးဝံ (Wolverines) အရွယ်အထိ အမျိုးမျိုးရှိကြသည်။ ဝီဇယ်မျိုးနွယ်များသည် နေရာဒေမျိုးစုံ၌ နေထိုင်ကျက်စားကြသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာ- ဖျံများသည် ရေထဲတွင် အများစုနေထိုင်ကျက်စားကြသော်လည်း၊ မြွေပါမြီးတိုမျိုးစိတ်တစ်ခုမှာ အာတိတ်ဒေသတွင် ကျက်စားသည်ကို တွေ့ရသည်။

Remove ads

လူသိများသော မျိုးရင်းဝင်တိရစ္ဆာန်များ

အောက်ပါတိရစ္ဆာန်များသည် လူသိများသော ဝီဇယ်မျိုးနွယ်ဝင် တိရစ္ဆာန်များဖြစ်သည် -

၎င်းမျိုးရင်းတွင် မျိုးရင်းခွဲ နှစ်ခုဖြစ်သည့် ဖျံ (Lutrinae) နှင့် ကျန်မျိုးရင်းဝင်များ (Mustelinae) ဟု အုပ်စုနှစ်ခု ထပ်မံခွဲခြားထားသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads