ဝီလီယံ ဟာရှယ်

ဂျာမန်နိုင်ငံဖွား ဗြိတိသျှ နက္ခတ္တပညာရှင်၊ နည်းပညာ ကျွမ်းကျင်သူ၊ တေးရေးဆရာ From Wikipedia, the free encyclopedia

ဝီလီယံ ဟာရှယ်
Remove ads

ဖရီဒရစ် ဝီလီယံ ဟာရှယ် (အင်္ဂလိပ်: Sir Frederick William Herschel[][]; ၁၅ နိုဝင်ဘာ ၁၇၃၈ – ၂၅ ဩဂုတ် ၁၈၂၂) သည် ဂျာမန်နိုင်ငံဖွား ဗြိတိသျှ နက္ခတ္တဗေဒပညာရှင်နှင့် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ဟာရှယ်သည် သူ၏ညီမ နက္ခတ္တပညာရှင် Caroline Lucretia Herschel နှင့် မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ အသက် ၁၉ နှစ်တွင် သူ့အဖေနောက် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ဟာရှယ်သည် ၁၇၇၄ ခုနှစ်တွင် သူ၏ ပထမဆုံး တယ်လီစကုပ်ကြီးကို တည်ဆောက်ခဲ့ပြီး ကောင်းကင်ယံ၌ ကြယ်စုံတွဲများကိုလေ့လာရန် ၉ နှစ်ကြာ အချိန်ကုန်လွန်စေခဲ့သည်။ ၁၈၀၂ ခုနှစ်တွင် နက်ဗျူလာများ၏ ကတ်သလောက်စာရင်းကို ထုတ်ဝေခဲ့ပြီး ၁၈၂၀ ခုနှစ်တွင် အရာဝတ္ထုပေါင်း ၅၀၀၀ ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဟာရှယ် ဖော်ထုတ်ခဲ့သည့် Messier catalogue ထဲရှိ နက်ဗျူလာများမှာ အမှန်က ကြယ်အစုအဝေးများဖြစ်ခဲ့သည်။ ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဟာရှယ်သည် ဂျီမီနီ ကြယ်စုတန်းရှိ အရာဝတ္ထုသစ်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းအရာဝတ္ထုသည် ယူရေးနပ်စ်ဂြိုဟ်ဟု နောင်တွင် အမည်ပေးနိုင်ခဲ့ပြီး အတည်ပြုနိုင်ရန် အခြားနက္ခတ္တဗေဒပညာရှင်များနှင့် ရက်သတ္တပတ်များစွာ အငြင်းအခုံဖြစ်ခဲ့သည်။ ယင်းသည် နှစ်ပေါင်းအတော်ကြာမှ ဂြိုဟ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဟာရှယ်သည် ညတွင်းချင်း နာမည်ကြီးလာခဲ့သည်။ ရလဒ်အနေဖြင့် တတိယမြောက် ဂျော့ဘုရင် (George III) က သူအား နက္ခတ္တပညာရှင် တရားသူကြီးဆု ပေးခဲ့သည်။ သူသည် Fellow of the Royal Society ဆု ခန့်အပ်ခံရပြီး တယ်လီစကုပ်သစ်များတည်ဆောက်ခွင့် ရလာခဲ့သည်။ ဟာရှယ်သည် နက္ခတ္တဆိုင်ရာ ရောင်စဉ်ဓာတ်ပုံတိုင်းပညာ (astronomical spectrophotometry) ၏ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပြီး အနီအောက်ရောင်ခြည်အား ရှာဖွေတွေ့ရှိခဲ့သည်။ ဟာရှယ် လုပ်ဆောင်ခဲ့သောအခြားအလုပ်များမှာ အင်္ဂါဂြိုဟ်၏ လှည်ပတ်ကာလအား ဆုံးဖြတ်ရာတွင် အကူညီပေးခြင်း၊ တိုက်တေနီးယား နှင့် အိုဘရွန် (ယူရေးနပ်စ်ဂြိုဟ်၏ ဂြိုဟ်ရံလများ)၊ အန်ဆဲလ်ဒပ်စ် နှင့် မီမက်စ် (စနေဂြိုဟ်၏ ဂြိုဟ်ရံလများ) တို့ကို ရှာဖွေတွေ့ရှိမှုတို့ဖြစ်သည်။ သူသည် ၁၈၂၂ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏အလုပ်များကို သူ့သား ဂျွန် ဟာရှယ်က ဆက်လက်လုပ်ဆောင်ခဲ့သည်။

အချက်တိုများ ဝီလီယံ ဟာရှယ်, မွေးဖွား ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads