သက်ခိုင်ဝင်း

ကျန်းမာရေးပြည်ထောင်စုဝန်ကြီး From Wikipedia, the free encyclopedia

Remove ads

ဒေါက်တာသက်ခိုင်ဝင်း (၁၄ နိုဝင်ဘာ ၁၉၆၁ မွေးဖွား) သည် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[] သူ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။[] စတင်ခန့်အပ်ချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီး[] ၂၀၂၁ ဩဂုတ် ၁ရက်တွင်မှ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။ အဆိုပါရာထူးတွင် ခန့်အပ်ခြင်းမခံရမီက ဒေါက်တာသက်ခိုင်ဝင်း သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဒေါက်တာ သက်ခိုင်ဝင်း, ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ...
Remove ads

ပုဂ္ဂိုလ်ရေးဘဝနှင့်ပညာရေး

၁၉၈၆ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရခဲ့သည်။ ၁၉၈၈ ဩဂုတ် ၄ တွင် ကျန်းမာရေးဝန်ကြီးဌာန၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ ၁၉၈၉ စက်တင်ဘာ ၂၈တွင် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၁ ဇန်နဝါရီ ၃၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ M.Med.Sc (Int.Med) ကို ရရှိခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့နောက် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ Royal College of Physician ကောလိပ်တွင် တက်ရောက်ခဲ့ပြီး MRCP (UK) ကို ရရှိခဲ့သည်။ ပြည်အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၉၈ ဖေဖော်ဝါရီ ၁၁ရက် မှ ၂၀၀၀ ဒီဇင်ဘာ ၅ရက် နေ့အထိလည်းကောင်း၊ ဆေးတက္ကသိုလ် ၁ တွင် ၂၀၀၀ ဒီဇင်ဘာ ၅ရက်မှ ၂၀၀၃ မတ် ၃၁ရက်အထိ ကထိကရာထူး၊ ၂၀၀၃ ခုနှစ် မတ်လ ၃၁ရက်မှ ၂၀၀၅ မတ်လ ၁ရက်အထိ တွဲဖက်ပါမောက္ခစသည်ဖြင့် တာဝန်အဆင့်ဆင့် ထမ်းဆောင်ပြီးနောက် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်အဖြစ် ၂၀၁၃ နိုဝင်ဘာ၂၂ရက်မှ ၂၀၁၅ ဧပြီ ၂၀ရက်အထိ တာဝန်ပေးအပ်ခြင်းခံရသည်။၂၀၁၅ ဧပြီ ၂၀ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။ထိုတာဝန်ကို ၂၀၂၁ ဇန်နဝါရီ ၃၁ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။[]

Remove ads

ပိတ်ဆို့ခံရမှုများ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေါက်တာသက်ခိုင်ဝင်းအား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းတွင် ထည့်သွင်းခဲ့သည်။[][] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[] []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads