သန်းဝင်း

From Wikipedia, the free encyclopedia

Remove ads

ပါမောက္ခဒေါက်တာသန်းဝင်းသည် မြန်မာ သားဖွားနှင့်မီးယပ်ရောဂါ အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ဖခင် ပါမောက္ခ ဦးသန်းထွန်း (ပါမောက္ခချုပ် (ငြိမ်း) စိုက်ပျိုးရေးတက္ကသိုလ်)နှင့် မိခင် ဒေါ်မြစိန်တို့မှ မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။[]

အချက်တိုများ ဒေါက်တာ သန်းဝင်း, အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ...
Remove ads

ပညာရေး

၁၉၆၉တွင် မန္တလေးမြို့ စိန့်ပီတာအထက်ကျောင်း (အ.ထ.က ၉) မှ ၁၀ တန်းအောင်မြင်ကာ ဂုဏ်ထူး ၅ ဘာသာဖြင့် မြန်မာတစ်နိုင်ငံလုံး အဆင့် ၇ ရရှိခဲ့သည်။ မန္တလေး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ ၁၉၇၆ တွင် MBBS ဘွဲ့ ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

၁၉၈၁ မှစ၍ မန္တလေးဆေးတက္ကသိုလ်တွင် ခန္ဓာဗေဒ သရုပ်ပြ၊ သားဖွားမီးယပ် သရုပ်ပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရပညာတော်သင်အဖြစ် ၁၉၉၂ ဖေဖော်ဝါရီမှ ၁၉၉၄ ဇန်နဝါရီအထိ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ မုံရွာဆေးရုံ၊ မန္တလေး သင်ကြားရေးဆေးရုံတို့တွင် သားဖွားမီးယပ် အထူးကုဆရာဝန်၊ မန္တလေးဆေးတက္ကသိုလ်တွင် သားဖွားမီးယပ် ကထိက၊ တွဲဖက်ပါမောက္ခ၊ ထိုမှတစ်ဆင့် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခချုပ်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

Remove ads

နိုင်ငံရေးသမားဘဝ

ဝန်ထမ်းဘဝမှ အငြိမ်းစားယူအပြီးတွင် ၂၀၁၅ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပုသိမ်ကြီး)မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ၂၀၂၀ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီး)မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads