အ.ထ.က(၉)မန္တလေး
From Wikipedia, the free encyclopedia
Remove ads
စိန့်ပီတာအထက်တန်းကျောင်း (St. Peter's High School) သည် မန္တလေးမြို့တွင် တည်ရှိသည်။ ပြည်သူပိုင်သိမ်းခံရပြီးနောက် အမှတ် (၉) အစိုးရအထက်တန်းကျောင်း မန္တလေးမြို့နယ် ဖြစ်လာပြီး ယခုအခါ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မန္တလေးမြို့နယ် ဟူ၍အမည်ပြောင်းထားသည်။ စိန့်ပီတာကျောင်းကို ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်အပြီးမှာ ဆေးရုံအဖြစ်အသုံးပြုခဲ့သည်။ မန်ကျည်းပင် ကုက္ကိုပင်ကြီးများနှင့် ဘော့လုံးကွင်းကြီးကလည်း စိမ်းလန်းကာ အင်မတန်သာယာသော ကျောင်းဝိုင်းကြီးတစ်ခု ဖြစ်သည်။
Remove ads
ထင်ရှားသောကျောင်းသားဟောင်းများ
- စည်သူဦးတင် - ဗိသုကာပညာရှင်
- ဦးကာ - ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီး
- မောင်မောင်တာ - ရုပ်ရှင်သရုပ်ဆောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှီအာမွတ်စလင်အဖွဲ့ချုပ်ဥက္ကဋ္ဌ
- ဂျော်လီဆွေ - ရုပ်ရှင်သရုပ်ဆောင်
- မောင်မိုးသူ - ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ အယ်ဒီတာ
- မြမျိုးလွင် - စာရေးဆရာ
- အဉ္ဇလီမောင်မောင် - ဂီတပညာရှင်၊ တေးရေးဆရာ
- ဒေါက်တာကျော်မြင့် - ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး
- ဒေါက်တာဇော်မြင့်မောင် - မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်[၁]
- ဒေါက်တာရဲလွင် - မန္တလေးမြို့တော်ဝန်
- ဒေါက်တာသန်းဝင်း - မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်
- ကြေးမုံ ဦးသောင်း - စာရေးဆရာ၊ ဂျာနယ်လစ်
- ညီပုလေး - စာရေးဆရာ
Remove ads
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads