သန်းအောင်
ဝန်ကြီး အငြိမ်းစား From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာသန်းအောင် သည် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် ၂၀၁၄ ဩဂုတ် ၁ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။[၁][၂][၃]
ဒေါက်တာသန်းအောင်သည် စစ်ဖက်ဆရာဝန် တစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် နီးစပ်သူ တစ်ဦး ဖြစ်သည်။[၄] ၂၀၁၅ ဩဂုတ်တွင် စစ်ဖက်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ခန့်ထားခဲ့မှုကြောင့် ဝေဖန်မှုများရှိလာကာ မြန်မာနိုင်ငံ ဆေးပညာအသိုင်းအဝိုင်းမှ ဖဲကြိုးနက်လှုပ်ရှားမှုဖြင့် ကန့်ကွက်ခဲ့ကြသည်။[၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads