သန်းအေး
From Wikipedia, the free encyclopedia
Remove ads
ဒေါ်သန်းအေး (ဘိလပ်ပြန် သန်း) သည် လူသိများသည့် အဆိုတော် ဖြစ်ပြီး၊ ကုလသမဂ္ဂ၌ (၂၅) နှစ်ကြာ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီးလည်း ဖြစ်သည်။ ၂၀ရာစု နှစ်ဆန်းပိုင်းကာလတွင် ဘိလပ်ပြန်သန်း အဖြစ် နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး၊ လူမှုဝန်ထမ်းတစ်ဦးအနေဖြင့်လည်း ကုလသမဂ္ဂတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ [၂] သူသည် ဩစတြီးယားလူမျိုးဖြစ်သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဝါနာဖန်းနှင့် အိမ်ထောင်ကျခဲ့ပြီး၊ အောင်ဆန်းစုကြည်နှင့် လွန်စွာရင်းနှီးသူလည်းဖြစ်၊ 'စု' မိဘများ၏ မိသားစုသူငယ်ချင်း ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား နယူးယောက်သို့ ပြောင်းရွှေ့နေထိုင်ကာ ကုလသမဂ္ဂတွင် အလုပ်လုပ်ကိုင်စေလိုသူလည်းဖြစ်သည်။[၃] သန်းအေးသည် နှစ်ခြင်းခရစ်ယာန် မိသားစု၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ဆရာအတတ်သင်ကောလိပ်တွင် တက်ရောက်ခဲ့သည်။[၄]ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်များ မြန်မာနိုင်သို့ ဝင်ရောက်သိမ်းပိုက်ချိန်၌ ဒေါ်သန်းအေးသည် အိန္ဒိယသို့ တိမ်းရှောင်နေထိုင်ခဲ့ပြီး၊ အားလုံးအတွက် အိန္ဒိယရေဒီယို (All India Radio, AIR) မြန်မာပိုင်းဌာနတွင် အလုပ်လုပ်ကိုင်ခဲ့၍ ကျန်ရှိသည့် သူ့၏ဘဝကို ပြည်ပနိုင်ငံများတွင်သာ ကုန်ဆုံးခဲ့သည်။[၄]၂၀၀၇ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် အောက်စ်ဖို့ဒ်ရှိ သူ၏ ပင်စင်စားနေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။[၅]
![]() | ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
Remove ads
ဘဝအစ
ဒေါ်သန်းအေးကို ရန်ကုန်မြို့၌ မိဘများဖြစ်သူ ဦးပိုမြ နှင့် ဒေါ်ထူးတို့မှ မွေးဖွားခဲ့သည်။ ဖခင်သည် ဥရောပကုန်သွယ်ရေး ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာစာနှင့် ပါဠိဘာသာရပ်ကို အမှတ်(၆) ဗိုလ်တထောင်၊ စိန့်ပေါ အမျိုးသားကျောင်းတွင် ဆက်လက် သင်ကြားပို့ချခဲ့သည်။ ထို့အပြင် အင်္ဂလိပ်လူမျိုးများ မြန်မာနိုင်ငံတွင် မြန်မာ့အစိုးရနှင့် ဆက်သွယ်ရန် သို့မဟုတ် စီးပွားရေးလုပ်ကိုင်နိုင်ရန် မြန်မာစာတတ်မြောက်ကြောင်း အောင်လက်မှတ်ပြသနိုင်ရန်အတွက်လည်း သင်ကြားမှုများပို့ချခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads