သာအေး
မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဦးသာအေး (၁၈ မတ် ၁၉၅၂ မွေးဖွား) [၁] သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်း ဖြစ်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ပြီး အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ၂၀၁၀ ခုနှစ် ဩဂုတ် ၂၇ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၂][၃]
Remove ads
စစ်မှုထမ်းဘဝ
ဦးသာအေး သည် စစ်တက္ကသိုလ် အပတ်စဉ် (၁၆) ဆင်း ဖြစ်သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ၂ ကြိမ် တာဝန်ယူခဲ့သူ ဦးသိန်းစိုး၊နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ နှင့် အပတ်စဉ် တူသည်။
နိုင်ငံရေးဘဝဖြတ်သန်းမှု
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဘုတလင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခြားယှဉ်ပြိုင်သူမရှိ အနိုင်ရရှိခဲ့သည်။[၄] [၅] [၆]
ပုဂ္ဂိုလ်ရေးဘဝ
ဦးသာအေးသည် ၁၉၅၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး[၂] ဒေါ်ဝေဝေခိုင်နှင့် လက်ထပ်ခဲ့သည်။[၂]ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ၏ အကို ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads