သာဌေး

ပြည်ထောင်စုတရားသူကြီးချုပ် From Wikipedia, the free encyclopedia

Remove ads

ဦးသာဌေး (၁၉၅၈ မွေးဖွား) သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သည်။[] ၎င်းကို နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ၂၀၂၃ ဩဂုတ် ၃ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ် သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ် လည်းဖြစ်သည်။

အချက်တိုများ ဗိုလ်မှူးကြီး (ငြိမ်း) တရားသူကြီးချုပ် သာဌေး, ပြည်​ထောင်စုတရားသူကြီးချုပ် ...
Remove ads

ပညာသင်ဘဝ

၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့သည်။ ယင်းဘွဲ့ကို စာပေးစာယူသင်တန်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းဘဝ

ဥပဒေဘွဲ့ရရှိပြီးနောက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ တဆင့် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ဗိုလ်မှူးကြီးအဆင့်ဖြင့် ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးမှ အငြိမ်းစားယူခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ ထိုတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းခံရမှုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဖြစ်လာသည်။[]ထိုတာဝန်ကို ၂၀၁၁ မတ်လ ၃၀ ရက်မှ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ []

၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းခံရသည်။[]

Remove ads

တရားသူကြီးချုပ်တာဝန်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။

မိသားစုဘဝ

ဦးသာဌေး သည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ ၎င်း၏ အကိုမှာ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းလည်းဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးသာအေး ဖြစ်သည်။

ဂုဏ်ပြုခံရခြင်း

၂၀၂၂ ခုနှစ် ၊ မတ်လ  ၂၇  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads