သိန်းဝင်းဇော်
From Wikipedia, the free encyclopedia
Remove ads
ဦးသိန်းဝင်းဇော် (၂ ဖေဖော်ဝါရီ ၁၉၆၃ မွေးဖွား) သည် မြန်မာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စက်သုံးဆီ၊ ကျောက်စိမ်း၊ သစ်နှင့် အစားအသောက်လုပ်ငန်းများ ပါဝင်သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူ ဖြစ်သည်။[၁]
Remove ads
အစောပိုင်းဘဝ
ဦးသိန်းဝင်းဇော်ကို ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် မွေးဖွားခဲ့သည်။[၂] သူသည် ၁၉၈၄ ခုနှစ်တွင် ဓာတုဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။
စီးပွားရေးလုပ်ကိုင်ခြင်းများ
၁၉၉၆ ခုနှစ်တွင် ရွှေဗျိုင်းဖြူအုပ်စုကို တည်ထောင်ခဲ့ပြီး တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့်အတူ ကျောက်တူးခြင်း၊ စက်သုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်ခဲ့သည်။[၃] တပ်မတော် ထိပ်တန်းခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် စိုးသိန်းတို့အပါအဝင် ရေတပ်ခေါင်းဆောင်များနှင့် နီးကပ်သော ဆက်ဆံရေးရှိသော ဦးသိန်းဝင်းဇော်၏ လုပ်ငန်းများ အောင်မြင်မှုရခဲ့သည်။[၄]
ဆက်သွယ်ရေးလုပ်ငန်း
တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ မိုင်တဲလ်တွင် တစ်စိတ်တစ်ပိုင်း ရှယ်ယာပါဝင်နေသော မဟာရိုးမအများပိုင်ကုမ္ပဏီတွင် ဦးသိန်းဝင်းဇော်သည် ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သည်။[၅][၆] ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တယ်လီနော မြန်မာကို ရွှေဗျိုင်းဖြူနှင့် လက်ဘနွန်အခြေစိုက် M1 Group တို့က ဝယ်ယူမည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။[၅] တယ်လီနောမြန်မာအား လက်လွှဲရယူရန်အတွက် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့ ပူးတွဲကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။[၇]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သား ဝင်းပိုင်ကျော်နှင့် သမီး သိမ့်ဝင်းထက်တို့၏ အမည်များပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိရှိသည်။[၈]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads