တင်အောင်စန်း

ပြည်ထောင်စုဝန်ကြီး (၂၀၂၁ - လက်ရှိ) From Wikipedia, the free encyclopedia

တင်အောင်စန်း
Remove ads

ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတင်အောင်စန်း (၁၆ အောက်တိုဘာ ၁၉၆၀ မွေးဖွား[]) သည် လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။

အချက်တိုများ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်, ခန့်အပ်သူ ...

သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် တာဝန်များအပြင် ကာကွယ်ရေးဝန်ကြီး[] ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီး အစရှိသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ယင်းမတိုင်မီက သူသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့သည်။

Remove ads

စစ်မှုထမ်းခြင်း

သူသည် စစ်တက္ကသိုလ်၊​ အပတ်စဉ် (၂၃) ကျောင်းဆင်ဖြစ်ပြီး ကိုယ်ပိုင်အမှတ်မှာ ရေ/၁၂၈၂ ဖြစ်သည်။ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ အငြိမ်းစားယူပြီးနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ၂၀၁၅ ဩဂုတ်လတွင် ရာထူးတိုးမြှင့်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ခန့်အပ်ခဲ့သည်။[][] ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ရှားရှားပါးပါး ဗိုလ်ချုပ်တစ်ဦးဖြစ်သည်ဟု ဆိုသည်။[]

Remove ads

၂၀၂၁ နောက်ပိုင်း အခြေအနေများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်ရာထူးမှ လျှော့ကျကာ အသစ်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နစက အမိန့်အမှတ် ၁၅/၂၀၂၁ အားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[]

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။[] ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် နစက အမိန့်အမှတ် ၅၂/၂၀၂၄ အားဖြင့် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခံရသည်။ ထိုသို့ တာဝန်ပေးအပ်ခံရသည့်နေ့မှာပင် ဗိုလ်ချုပ်ကြီး ရာထူးမှတစ်ပါးတည်း အနားပေးခံရသည်။[]

၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက် တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည် အမိန့်အမှတ်၊  ၆  /၂၀၂၅ ဖြင့် ၎င်းအား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၀]

Remove ads

ပုဂ္ဂိုလ်ရေးဘဝ

ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနှင့် အိမ်ထောင်ကျကာ ယဉ်မင်းသူ ခေါ် သမီးတစ်ဦးရှိသည်။[၁၁] ယဉ်မင်းသူသည် Global Icon General Trading Company Limited ဒါရိုက်တာတစ်ဦးဖြစ်သည်။[၁၂]

ဂုဏ်ပြုခံရခြင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၃]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads