သံခေတ်

From Wikipedia, the free encyclopedia

Remove ads

သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်


Remove ads

အစပြုခြင်း

ယေဘုယျအားဖြင့်မူ သံခေတ်သည် ဘီစီ ၂၁ ရာစုတွင် ကမ္ဘာ့အရှေ့ခြမ်း ၊ ပါရှား ၊ အိန္ဒိယနှင့် ဂရိတို့တွင် စတင်ခဲ့သည်။ ဥရောပတွင်မူ ထိုထက်ပို၍ နောက်ကျခဲ့ပြီး ဥရောပ အလယ်ပိုင်းတွင် ဘီစီ ၈ ရာစုနှင့် ဥရောပ မြောက်ပိုင်းတွင် ဘီစီ ၆ ရာစုမှ စတင်ခဲ့သည်။ အာဖရိကတွင် ဘီစီ ၁၂၀ဝ ၌ သံရည်ကြိုပစ္စည်းများ သုံးစွဲခဲ့မှုအရ သံခေတ် စတင်ခဲ့သည်ဟု ယူဆနိုင်သည်။

ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်း

လူတို့သည် ကြေးကို ဦးစွာ လက်နက်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ အကြောင်းမှာ ကြေးသည် သံထက် အရည်ပျော်မှတ် နိမ့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သံခေတ်သည် အပူချိန်မြင့်မြင့်တွင် အရည်ကြိုသည့် နည်းပညာများ ထွန်းကားလာပြီးနောက်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်းသည် ပထဝီဝင် အနေအထားများအရ ခြားနားမှုများ ရှိနိုင်သော်လည်း ဘီစီ (၁၈၀ဝ) ခန့် ဖြစ်မည်ဟု ခန့်မှန်းကြသည်။

မြန်မာနိုင်ငံသံခေတ်

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် နှင့် သုံးထောင် ကြား ကာလသည် မြန်မာနိုင်ငံတွင် သံခေတ်ဖြစ်သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads