ဟိုင်ဂင်သဘောတူညီချက်

From Wikipedia, the free encyclopedia

Remove ads

ဟိုင်ဂင်သဘောတူညီချက် သည် တပ်မတော် နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ တို့ အကြား လက်မှတ်ရေးထိုးသည့် ၁၀၂၇စစ်ဆင်ရေး ယာယီအပစ်ရပ်စာချုပ်ဖြစ်သည်။[]

အချက်တိုများ အကြောင်းအရာ, လက်မှတ်ရေးထိုးသည့် နေ့စွဲ ...
Remove ads

နောက်ခံအကြောင်းအရင်း

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်တော်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့များအား ၁၀၂၇ စစ်ဆင်ရေး ဖြင့် ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်တိုက်ခိုက်သည်။ မြို့သိမ်း တိုက်ပွဲများ အရှိန်အဟုန် ဖြင့် ပြင်းထန်လာချိန် တရုတ်နိုင်ငံက အပစ်ရပ်စေရေး နှစ်ဖက်ဆွေးနွေးရန် ကြားဝင်ခဲ့သည်။ယင်းကြားဝင်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် နှစ်ဖက် ဆွေးနွေးပွဲ ၃ကြိမ် ပြုလုပ်ပြီးနောက် ယာယီအပစ်ရပ်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။ အပစ်ရပ်ရန် လက်မှတ်ရေးထိုးမှုအား ရှမ်းမြောက် ရှိ မြို့ပေါင်း ၁၆မြို့နှင့်တပ်မတော်စခန်းများအား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ရရှိပြီး (၇၇) ရက်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၁၁ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့ တွင် နှစ်ဖက်လက်မှတ်ရေးထိုးကြသည်။

ဆွေးနွေးခဲ့သည့် အကြိမ်ရေ

  • ပထမအကြိမ်ဆွေးနွေးမှု - ၇-၈-၉ ဒီဇင်ဘာ ၂၀၂၃[]
  • ဒုတိယအကြိမ်ဆွေးနွေးမှု - ၂၂-၂၃-၂၄ ဒီဇင်ဘာ ၂၀၂၃[]
  • တတိယအကြိမ်ဆွေးနွေးမှု - ၁၀-၁၁ ဇန်နဝါရီ ၂၀၂၄
  • စတုတ္ထအကြိမ်ဆွေးနွေးမှု - ၁-၂-၃ မတ် ၂၀၂၄ (ယာယီအပစ်ရပ်ပြီးနောက် ပထမအကြိမ်တွေ့ဆုံမှု)[]
  • ပဉ္စမအကြိမ်ဆွေးနွေးမှု - ၁၄-၁၅-၁၆ မေ ၂၀၂၄ (ရလဒ်မထွက်ဘဲ ဆွေးနွေးမှုပြီးဆုံး)[][]
Remove ads

စာချုပ်ပါအကြောင်းအရာများ

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ []

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး ။

နောက်ဆက်တွဲ သဘောတူညီမှုများ

  • ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန်
  • တပ်မတော် ဘက်မှလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန်
  • နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန်
  • နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် တို့ဖြစ်သည်။

ယာယီအပစ်ရပ်ပြီးနောက် တွေ့ဆုံဆွေးနွေးမှု

တရုတ်အစိုးရ ၏ ကြားဝင်စေ့စပ်မှုဖြင့်  ၂၀၂၄ ခုနှစ် မတ်လ ၁ ရက် မှ ၃ ရက်နေ့ အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကူမင်းမြို့ ဟိုင်ဂင်ဧည့်ဂေဟာ တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သည်။ ရှမ်းမြောက် တွင် တိုက်ပွဲများ မဖြစ်လာရေး  အဓိက ထား ဆွေးနွေးကြသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads