အကောက်ခွန် ဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

အကောက်ခွန် ဦးစီးဌာန (အင်္ဂလိပ်: Myanmar Customs Department) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[]

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

၁၇၅၄ခုနှစ်တွင် အလောင်းဘုရားမှ ဒဂုံအား သိမ်းပိုက်ပြီးနောက် ၁၇၅၅ခုနှစ်တွင် ဒဂုံသည် အရေးပါသော ဆိပ်ကမ်းတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် အခွန်တော်အရာရှိတစ်ဦးထားရှိကာ အခွန်ကောက်ခံခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ရောက်ရှိခဲ့ပြီးနောက် ၁၈၈၆ခုနှစ်မှစ၍ နိုင်ငံခြား ကုန်သွယ်ရေးနှင့် သင်္ဘောကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ဆက်သွယ်သွားလာခဲ့ကြသည်။ ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံပြည်နယ်တစ်ခုအနေဖြင့် မြန်မာပြည်မှ ရရှိသော အကောက်ခွန်များကို ဂျော့ဘုရင်များထံ ဆက်သခဲ့ရသည်။ ၁၉၃၅ အက်ဥပဒေအရ မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ခဲ့ရာ ၁၉၃၇ခုနှစ် ဧပြီ ၁ရက်နေ့မှစ၍ ဗဟိုအခွန်ဘုတ်အဖွဲ့မှာလည်း သီးခြား ဖြစ်လာခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်မြို့ကို ဂျပန်တို့ဗုံးကြဲသဖြင့် အကောက်ခွန်ရုံးမှ အရာရှိများသည် ရုံးအား စွန့်ခွာခဲ့ရသည်။ ထို့အပြင် အကောက်ခွန်ဆိပ်ကမ်းများလည်း ဂျပန်လက်အောက် ရောက်ရှိသွားခဲ့သည်။ ဂျပန်တို့လက်ထက်တွင် အကောက်ခွန်ဌာနမှာ အခွန်တော်ဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ အကောက်ခွန်ဌာနမှာ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့သည်။ ၁၉၇၂ခုနှစ်တွင် အမျိုးသား စီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့အားပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ၂၀၁၉ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန စသည်ဖြင့် ပြောင်းလဲဖွဲ့စည်းရာ အကောက်ခွန် ဦးစီးဌာနမှာ ထိုဝန်ကြီးဌာနများအောက်တွင် ပါဝင်ခဲ့သည်။ ၂၀၂၁ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် အကောက်ခွန်ဦးစီးဌာနသည် ထိုဝန်ကြီးဌာနအောက်တွင် ပါဝင်ခဲ့သည်။[][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads