အက်တမ် (ဆက်သွယ်ရေးကုမ္ပဏီ)
From Wikipedia, the free encyclopedia
Remove ads
အက်တမ် (Advancing Telecommunications of Myanmar) သည် ၂၀၂၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှု ပေးသော ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုပြီးနောက် တယ်လီနော မြန်မာအား လက်ဘနွန်အခြေစိုက် M1 Group သို့ ရောင်းချခဲ့သည်။[၁] ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အက်တမ် ဟု အမည်ပြောင်းလဲခဲ့သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
Remove ads
သမိုင်းကြောင်း
တယ်လီနော မြန်မာ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှုပေးခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် "ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း" တယ်လီနောက ဆိုခဲ့ကာ[၂] ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာ၏ လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 အုပ်စုအား အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း တယ်လီနောက ကြေညာသည်။[၃] အဆိုပါ ရောင်းချမှုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာအာဏာပိုင်များနှင့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ခွင့်ပြုခဲ့သည်။ အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး လုပ်ငန်းအား ပိုင်ရှင်သစ်ထံ လွှဲပြောင်းခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဗျိုင်းဖြူအုပ်စုက တယ်လီနောမြန်မာ၏ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုက ဆိုသည်။[၄] တယ်လီနောမြန်မာလုပ်ငန်းအား လွှဲပြောင်းရယူရန် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့က ပူးတွဲကုမ္ပဏီ Investcom ကို တည်ထောင်ခဲ့သည်။[၅] ရွှေဗျိုင်းဖြူအုပ်စု၏ စစ်တပ်နှင့် ဆက်နွယ်မှု၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုများအပေါ် စိုးရိမ်မှုများကြောင့် ဤရောင်းချမှုသည် မြန်မာပြည်သူများ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်။[၅] ဥပဒေရေးရာကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်နိုင်ရန် တယ်လီနော၏ ရောင်းချမှုကို ရပ်တန့်ထားရန် သို့မဟုတ် ရောင်းချခြင်း မတိုင်မီ အချက်အလက်များ ဖျက်ပစ်ရန် တောင်းဆိုခဲ့ကြသည်။
၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အမ်ဝမ်းအုပ်စုသို့ ရောင်းချခြင်းကို မြန်မာအာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် ပိုင်ဆိုင်သူအသစ်သို့ လွှဲပြောင်းပေးခဲ့သည်။ ဇွန်လ ၈ ရက်နေ့တွင် အမည်အား အက်တမ် ဟု ပြောင်းလဲခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads