အက်ပဲ

အမေရိကန် နည်းပညာကုမ္ပဏီ From Wikipedia, the free encyclopedia

အက်ပဲ
Remove ads

အက်ပဲလ် အင်ကော်ပိုရိတ် (အင်္ဂလိပ်: Apple Inc.) လုပ်ငန်းစုသည် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အမေရိကန် နည်းပညာလုပ်ငန်းတစ်ခုဖြစ်ပြီး အီလက်ထရွန်နစ်၊ ကွန်ပျူတာ ဆော့ဖ်ဝဲလ်နှင့် အွန်လိုင်း ဝန်ဆောင်မှုများကို ရောင်းချသည့် လုပ်ငန်းစုဖြစ်သည်။ ယင်း၏ အဓိက ပစ္စည်းထုတ်ကုန် များအဖြစ် အိုင်ဖုန်း (iPhone)၊ အိုင်ပတ် (iPad) (သင်ပုန်း ကွန်ပျူတာ)၊ မက်ခ် (Mac) (တကိုယ်ရေသုံး ကွန်ပျူတာ မျိုးစုံ)၊ အိုင်ပေါ့ဒ် (iPod) (အိတ်ဆောင် မီဒီယာ) နှင့် Apple Watch (ဘက်စုံသုံး လက်ပတ်နာရီ) တို့ကို ထုတ်လုပ်ရောင်းချခဲ့သည်။ အက်ပဲ၏ အခြားဆော့ဖ်ဝဲ ထုတ်ကုန်များအနေနှင့် OS X နှင့် iOS (လုပ်ငန်းလည်ပတ်မှု စနစ်များ), iTunes (Media Player), Safari , iLife, iWork ဆော့ဖ်ဝဲတို့ကိုလည်း ထုတ်လုပ်နေသည်။ သူ၏အွန်လိုင်း ဝန်ဆောင်မှုများ အနေနှင့်ဖြင့် iTunes Store, iOS App Store, Mac App Store နှင့် iCloud တို့ကို မိတ်ဆက်ပေးခဲ့သည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...

Apple ကို တစ်ကိုယ်ရေသုံး ကွန်ပျူတာများထုတ်လုပ်ရန်နှင့် ရောင်းချရန် ဧပြီ ၁၊ ၁၉၇၆ တွင် စတိဗ်ဂျော့စ်၊ စတိဗ် ဝေါ့ဇနစ် နှင့် Ronald Wayne တို့ကဦးဆောင်၍ တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၃၊ ၁၉၇၇ တွင် Apple Computer, Inc. အဖြစ် ထည့်သွင်းခဲ့ပြီး ဇန်နဝါရီလ ၉၊ ၂၀၀၇ ခုနှစ်တွင် Apple Inc. , အဖြစ် အမည်ပြောင်းလဲခဲ့သည်။

Apple သည် စုစုပေါင်း ပိုင်ဆိုင်မှုများအနေဖြင့် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီ၊ ကမ္ဘာ့တတိယအကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူ၊ အခွန်ဘဏ္ဍာငွေအားဖြင့် ကမ္ဘာ့အကြီးဆုံး သတင်းအချက်အလက်နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည်။ နိုဝင်ဘာလ ၂၅၊ ၂၀၁၄ တွင် ဈေးကွက်အရင်းအနှီး အားဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံး လူသိရှင်ကြား ကုန်သွယ်ကော်ပိုရေးရှင်း ဖြစ်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံခန့် တန်ဖိုးရှိ ပထမဦးဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ အဆိုပါကုမ္ပဏီ တွင် အမြဲတမ်း အချိန်ပြည့်ဝန်ထမ်းအဖြစ် ၁၁၅,၀၀၀ ဦး (ဇူလိုင် ၂၀၁၅ အထိ) နှင့် နိုင်ငံပေါင်း (၁၆) နိုင်ငံတွင် လက်လီ စတိုးဆိုင်များ (၄၅၃) ဆိုင် (မတ်လ ၂၀၁၅ အရ) အထိ အောင်မြင်လာခဲ့ပြီး အွန်လိုင်းရှိ iTunes Storeမှာ ကမ္ဘာ့အကြီးဆုံး ဂီတလက်လီအရောင်းဆိုင် အဖြစ် ရပ်တည်လျက်ရှိသည်။

Remove ads

ကိုးCompu

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads