အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်

From Wikipedia, the free encyclopedia

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်
Remove ads

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (အင်္ဂလိပ်: Anti-Corruption Commission of Myanmar; အတိုကောက် ACC) သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းထားသောကော်မရှင်တစ်ခု ဖြစ်သည်။ လက်ရှိကော်မရှင်တွင် အဖွဲ့ဝင် ၁၂ ဦးပါဝင်ကာ မြန်မာနိုင်ငံတွင်း အဂတိလိုက်စားမှုများအား စုံစမ်းစစ်ဆေးရသည့် အဖွဲ့အစည်းဖြစ်သည်။ []

အချက်တိုများ မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်ဘေးဒဏ်သင့်မှုကြောင့် ပြည်သူလူထုများကို ထောက်ပံ့ ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ၌ ခိုးယူခြင်း၊ အဂတိလိုက်စားခြင်းများမှ တားဆီးနိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ (Civil Supplies Thefts Preventive Committee)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဆက်လက်၍ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ (Public Property Protection Committee)နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police-P4) တို့ကို ခန့်အပ်ပြီး စုံစမ်းစစ်ဆေးရေးများကို ဆောင်ရွက်ခဲ့သည်။ ၎င်းအဖွဲ့သည် ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၉) ပုဒ်မ ၁၆၁ မှ ၁၆၅ အထိတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှု များကို အရေးယူ ဆောင်ရွက်ခဲ့သည်။

အဂတိလိုက်စားမှုများကို ပိုမိုထိရောက်စွာ တားမြစ်နိုင်ရေးအတွက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့သည်။ ၎င်းဥပဒေတွင် ပုဒ်မ (၆)ခု ပါရှိပြီး၊ ဥပဒေပြင်ဆင်ချက် (၄)ကြိမ် ထုတ်ပြန် ပြင်ဆင်ခဲ့သည်။

၁၉၅၁ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဌာနအက်ဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အစိုးရဝန်ကြီးချုပ်၏ တိုက်ရိုက် ကွပ်ကဲမှုအောက်၌ ဝန်ထမ်း (၃၁၅)ဦးဖြင့် ဖွဲ့စည်းထားရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်‌ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှု အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်မှာ ယနေ့ထိဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေး ရေးဌာနအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း

လာဘ်ပေး လာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကို ဖွဲ့စည်းခဲ့သည်။

တိုင်ကြားစာလက်ခံခြင်းနှင့် စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း

လူတစ်ဦးချင်း အလိုက်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ အဂတိလိုက်စားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို တိုင်ကြားနိုင်သည်။ တိုင်ကြားစာများကို စိစစ်ပြီးနောက် ဌာနဆိုင်ရာ အရေးယူမှုပြုလုပ်ရမည့် တိုင်စာများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးပြီး၊ အရေးယူရန် မလိုအပ်သောတိုင်စာများကို မှတ်တမ်းတင်၍ ဖိုင်တွဲထားသည်။ အရေးယူရန်လိုအပ်သော တိုင်စာများကို အထက်အဖွဲ့အစည်း များထံ တင်ပြ၍ စုံစမ်းစစ်ဆေးမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက် သကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်။

တိုင်ကြားချက်များ မှန်ကန်ခြင်း ရှိ/မရှိကို ပဏာမစုံစမ်း စစ်ဆေးခြင်း ပြုလုပ်၍ စိစစ်ပြီး စစ်ဆေးတွေ့ရှိချက်များအရ အသေးစိတ်စုံစမ်းစစ်ဆေးရန် လိုအပ်ပါက အဓိကစုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်သည်။ စစ်ဆေးချက်များအရ လိုအပ်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ပါသည်။ လိမ်လည်တိုင်ကြားသည်ကို တွေ့ရှိပါက လိမ်လည်တိုင်ကြားသူအား ဥပဒေကြောင်းအရ အရေးယူသည်။

ခေတ်မီသော ဥပဒေသစ်တစ်ရပ် ပေါ်ထွန်းလာရေး ကြိုးစားဆောင်ရွက်မှု

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ အာဏာတည် နေသော်လည်း ၎င်းဥပဒေ၌ ပြစ်မှုအမျိုးအစားနှင့် အရေးယူမှုအပိုင်းသာ ပါဝင်ပြီး နိုင်ငံတကာ စံနှုန်း များနှင့် အပြည့်အဝ ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ အဂတိလိုက်စားမှုများကို တားဆီးနှိမ်နှင်းရန် လိုအပ်ကြောင်း နားလည် သဘောပေါက်သည်‌့အတွက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော ဥပဒေတစ်ရပ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ (UNCAC) ပြဋ္ဌာန်းချက်ပါ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော ဥပဒေ တစ်ရပ် ပြင်ဆင်ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စတင်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ရှေ့နေချုပ်ရုံးသို့ စိစစ်အကြံပြုနိုင်ရန် ပေးပို့တင်ပြခဲ့သည်။ သက်ဆိုင်ရာ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ရေးဆွဲထားသော လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်း၍ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးဥပဒေအား လွှတ်တော်တွင် အကြိမ်ကြိမ် ဆွေးနွေး ပြီး ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတက ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သဖြင့် အာဏာတည်ခဲ့သည်။

ကော်မရှင်ဖွဲ့စည်းခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်း ချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်) အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၁၃)ဦး၊ စုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။[]

Remove ads

ကော်မရှင်များ

ဦးသိန်းစိန်အစိုးရ

၂၀၁၃ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းထားခြင်း ဖြစ်သည်။[] အဖွဲ့ဝင်အများစုမှာ ယခင်က တပ်မတော်ဖက်မှ ရာထူးကြီးရရှိထားသူများ ဖြစ်ကြသည်။[] ကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ စတင်ဖွဲ့စည်းခဲ့သည်။[][][]

စဉ် အမည် ရာထူး ဌာန အဆင့်
ဦးမြဝင်း စစ်မှုထမ်း (အငြိမ်းစား) ဥက္ကဋ္ဌ
ဦးကျော်ကျော် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
ဦးစိုးတင့် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
ဦးသန်းအောင် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
ဦးမောင်ရှိန် စစ်မှုထမ်း (ငြိမ်း) အဖွဲ့ဝင်
ဒေါက်တာတိုက်စံ ပါမောက္ခ(ငြိမ်း) တပ်မတော်နည်းပညာတက္ကသိုလ် အဖွဲ့ဝင်
ဦးနေဝင်း သံအမတ်ကြီး (ငြိမ်း) အဖွဲ့ဝင်
ဒေါ်မြတ်မြတ်စိုး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အဖွဲ့ဝင်
ဦးသင်းမောင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
၁၀ ဦးဆွန်ဒုတ်ကျင့် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
၁၁ ဒေါက်တာညီညီထွန်း တိရစ္ဆာန်ဆေးကုဆရာဝန် (ငြိမ်း) မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အဖွဲ့ဝင်
၁၂ ဦးကျော်မြင့် စစ်မှုထမ်း (ငြိမ်း) အဖွဲ့ဝင်
၁၃ ဒေါ်သန်းသန်းရီ ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
၁၄ ဦးအောင်လှိုင်စိုး ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
၁၅ ဦးတင်ဦး သံအမတ်ကြီး အတွင်းရေးမှူး

ဦးထင်ကျော်အစိုးရ/ဦးဝင်းမြင့်အစိုးရ

အောက်ပါအဖွဲ့ဝင်များကို ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့တွင် သမ္မတဦးထင်ကျော်မှ ခန့်အပ်ခဲ့သည်။[]

စဉ် အမည် ရာထူး ဌာန အဆင့်
ဦးအောင်ကြည် ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ပြန်ကြားရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
ဦးစိုးတင့် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
ဦးအောင်လွင် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
ဦးဟန်ညွန့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
ဒေါ်မြတ်မြတ်စိုး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
ဦးအောင်သန်းမြင့် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
ဦးခင်မောင်မြင့် တရားလွှတ်တော်ရှေ့နေ အဖွဲ့ဝင်
ဦးမျိုးမြင့် တရားလွှတ်တော်ရှေ့နေ အဖွဲ့ဝင်
ဒေါ်အေးအေးမူ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
၁၀ ဦးဇော်ဝင်း ရဲချုပ် (ငြိမ်း) ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
၁၁ ဒေါ်လဲ့လဲ့သွင် ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
၁၂ ဦးစန်းဝင်း ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မူလရှိပြီးသား ကော်မရှင်အဖွဲ့ဝင်များအား ဆက်လက်ခန့်ထားခဲ့သည်။[]၂၀၂၁ ဖေဖော်ဝါရီ ၂၀ရက်နေ့ အရောက်တွင်မူ ကော်မရှင်အဖွဲ့ဝင်အသစ်များအား ခန့်ထားခြင်းဖြင့် မူလကော်မရှင်အဖွဲ့ဝင်များကို အနားပေးသည်။

နောက်ထပ် အချက်အလက်များ တာဝန်ထမ်းဆောင်ခြင်း, စတင်ရက် ...

အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ လက်ထက်

ဝန်ကြီးချုပ် ဦးညိုစော ၏ ကာလ []

နောက်ထပ် အချက်အလက်များ တာဝန်ထမ်းဆောင်ခြင်း, စတင်ရက် ...
Remove ads

ကော်မရှင်အကြောင်း

ဆောင်ပုဒ်

အဂတိ ပယ်ခွာ ပြည်သာယာ

အမှတ်တံဆိပ်

ပထမစက်ဝိုင်းတွင် မြန်မာပြည်မြေပုံအား ငြိမ်းချမ်းခြင်း၊ ဖြူစင်သန့်ရှင်းခြင်းဖြစ်သည့် အဖြူရောင်ဖြင့် ပုံဖော်ကာ အေးချမ်းတည်ငြိမ်ခြင်း၊ ရင့်ကျက်ခြင်းဖြစ်သည့် အပြာရောင် စက်ဝိုင်း အတွင်း ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေရန် ထည့်သွင်းထားခြင်း ဖြစ်သည်။ ဒုတိယစက်ဝိုင်းတွင် နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်တို့ဖြင့် ထည့်သွင်းရေးဆွဲထားသည်။ တတိယစက်ဝိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာနိုင်ငံ ဆိုသည့် စာသားအား ထည့်သွင်းဖော်ပြထားသည်။ အထက်ပါစက်ဝိုင်း(၃)ခုအား အောင်မြင်မှု အထိမ်းအမှတ် လက်ဆောင်ဖြစ်သည့် တံခွန်ပုံစံဖြင့် ထောက်မ၍ ကော်မရှင်ဆောင်ပုဒ်ဖြစ်သည့် အဂတိ ပယ်ခွာ ပြည်သာယာ ဆိုသည့် စာသားအား ထည့်သွင်းထားသည်။[၁၀]

ရုံးများ

ရုံးချုပ် (ယခင်တည်နေရာ) သည် အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် တွင် တည်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှစ၍ ရုံးအသစ်တည်နေရာသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကော်မရှင် ရုံးချုပ်၏ လက်ရှိတည်နေရာသည် ရုံးအမှတ်(၅၆)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိပါသည်။ ရန်ကုန်ရုံးခွဲသည် အမှတ် - ၆၂(က) ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးရုံးခွဲသည် ဗားဂျီးနီးယားဆေးလုပ်ငန်းစက်ရုံဝင်း၊ ကွင်းအမှတ် (၄၀၇) မြို့ဟောင်းဘူတာဈေး အနီး၊ ၈၂လမ်း၊ တမ္မဝတီရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ တွင် တည်ရှိသည်။ တောင်ကြီးရုံးခွဲနှင့် မော်လမြိုင်ရုံးခွဲများလည်း တိုးချဲ့ဖွင့်လှစ်ထားပါသည်။

အထင်ကရအမှုများ

  • အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှုညွှန်ကြားရေးမှူးချုပ် အဂတိလိုက်စားမှု
  • ဟာသ သရုပ်ဆောင် ရဲထွေးအောင် အမှုကိစ္စတွင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အဂတိလိုက်စားမှု[၁၁]
  • တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲမော် အဂတိလိုက်စားမှု - ၂၀၁၉ ခုနှစ် မတ်လ၁၀ ရက်နေ့ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကြေညာခဲ့သည်။
Remove ads

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads