သန်းဆွေ (ဝန်ကြီး)
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ဦးသန်းဆွေ( ၁၉ ဇွန် ၁၉၅၃ဖွား)[၁] သည် [၂] မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၂ဦးမြောက် နိုင်ငံခြား ရေးဝန်ကြီးဖြစ်သည်။ထို့အပြင် အဖွဲ့ဝင် (၁၀)ဦးပါ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။[၃]ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ[၄] နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ[၅] တို့အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
Remove ads
ပညာရေး
ဦးသန်းဆွေသည် စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးဆုံးသည်။
အလုပ်အကိုင်
၁၉၇၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၀ ခုနှစ် မေလအထိ တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် မေလတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ထိုအချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၈ မတ်လ အထိ တာဝန်ထမ်းဆောင်သည်။ ယင်းနောက် ၎င်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ရာထူးဖြင့်၂၀၀၈ ခုနှစ် မတ်လမှ ၂၀၀၉ ခုနှစ် မတ်လအထိ ကုလသမဂ္ဂ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆]သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်လောကမှ အငြိမ်းစားယူခဲ့သည်။[၇] [၈]
Remove ads
နိုင်ငံရေး
၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၈/၂၀၂၁ ဖြင့် ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။[၉]
၂၀၂၂ ဩဂုတ် ၁၉ တွင် ထိုရာထူးမှနေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် အစိုးရအလှည့်အပြောင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွေ့ခန့်အပ်သည်။ [၁၀]
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် အရေးပေါ်ကာလအခြေအနေ သက်တမ်းတိုးမြှင့်အပြီး ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပူးတွဲခန့်အပ်သည်။ [၁၁]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသော်လည်း၊ [၁၂]ဒုတိယဝန်ကြီးချုပ် ရာထူးအစား အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင်တစ်ဦး အဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ခန့်အပ်သည်။[၁၃]
မိသားစုဘဝ
သမီး ၂ဦးရှိကာ သမက်ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးအောင်ကို ဖြစ်သည်။
ဂုဏ်ပြုခံရခြင်း
၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။ [၁၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads