အင်ဒရိုမီဒါ (ကြယ်စုတန်း)
မြောက်ဘက်ခြမ်းကောင်းကင်ယံမှHemisphere ကြယ်စုတန်း From Wikipedia, the free encyclopedia
Remove ads
အင်ဒရိုမီဒါ သည် တော်လမီ ပြုစုထားသော ၄၈ ခု ကြယ်စုတန်းစာရင်းမှ တစ်ခုအပါအဝင်ဖြစ်ပြီး ခေတ်သစ် ၈၈ ကြယ်စုတန်းထဲတွင်လည်း ပါဝင်သည်။ နက္ခတ္တခွင် မြောက်ဘက်တွင် တည်ရှိပြီး ဂရိဒဏ္ဍာရီပုံပြင်ထဲရှိ ကယ်ဆီယိုပီးယား၏ သမီးတော် အန်ဒရိုမီဒါအား အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ အန်ဒရိုမီဒါသည် ဆောင်းဦးကာလ ညနေခင်းများတွင် မြောက်ကမ္ဘာခြမ်း၌ ထင်ရှားပြီး မြောက်ဘက် ၄၀ ဒီဂရီခန့်တွင် မြင်နိုင်သည်။ အင်ဒရိုမီဒါ၏ အတောက်ပဆုံးကြယ်များမှာ အဲလ်ဖာ အင်ဒရိုမီဒေး၊ ဂါမာ အင်ဒရိုမီဒေး၊ ဘီတာ အင်ဒရိုမီဒေးတို့ဖြစ်ကြသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အင်ဒရိုမီဒါ ဂလက်ဆီသည် ထင်ရှားသော ဂယ်လက်ဆီတစ်ခုဖြစ်ပြီး မိမိတို့၏ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးဆုံး ဝက်အူရစ်ပုံစံ ဂယ်လက်ဆီဖြစ်သည်။ ယင်းသည် အတောက်ပဆုံး Messier object တစ်ခုလည်းဖြစ်ကာ အဖော်များအဖြစ် M110 နှင့် M32 တို့ပါဝင်ထားသည်။ နက်ဗျူလာတစ်ခုဖြစ်သော အပြာရောင် နှင်းဘောလုံး နက်ဗျူလာသည် တယ်လီစကုပ်တစ်ခုဖြင့် မြင်နိုင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads