အဆင့်ကူးပြောင်းခြင်း
From Wikipedia, the free encyclopedia
Remove ads
ဓာတုဗေဒ၊ သာမိုဒိုင်းနမစ်နှင့် အခြား ဆက်စပ်နယ်ပယ်များစွာတို့တွင် အဆင့်ကူးပြောင်းခြင်း (သို့) အသွင်ကူးပြောင်းခြင်း (အင်္ဂလိပ်: phase transitions or phase changes) သည် ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သည်။ ပါရာမီတာတန်ဖိုးအချို့ဖြင့် ခွဲခြားဖော်ပြထားသော ကြားခံအရာဝတ္ထုတစ်ခု၏အခြေအနေနှင့် ထိုကြားခံအရာဝတ္ထု၏ ပါရာမီတာတန်ဖိုးမတူညီတော့သည့် အခြားအခြေအနေတစ်ခုတို့ကြား ရုပ်ပိုင်းဆိုင်ရာအကူးအပြောင်းကို ဆိုလိုခြင်းဖြစ်သည်။ များသောအားဖြင့် ဤဝေါဟာရကို အခြေခံ ဒြပ်များ၏ အခြေအနေများဖြစ်သော အခဲ၊ အရည်၊ အငွေ့နှင့် ရှားပါးသော အနေအထားများ၌ ပလာစမာ တို့ကြား တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသွားခြင်းများကို ရည်ညွှန်းရန် အသုံးပြုကြသည်။

ဥပမာတင်ပြရလျှင် သာမိုဒိုင်းနမစ်စနစ်တစ်ခု၏ အဆင့်တစ်ခုနှင့် ဒြပ်၏ (ရုပ်ပိုင်းဆိုင်ရာ)အခြေအနေများတွင် တူညီသော ရုပ်ပိုင်းဂုဏ်သတ္တိများရှိကြသည်။ ပေးထားသည့် ကြားခံအရာဝတ္ထုတစ်ခု၏ အဆင့်ကူးပြောင်းခြင်းဖြစ်စဉ်အတွင်း ထိုအရာဝတ္ထု၏ အချို့သော ဂုဏ်သတ္တိများသည် ပြင်ပအခြေအနေများဖြစ်ကြသည့် အပူချိန်၊ ဖိအား စသည်တို့ကြောင့် ပြတ်တောင်းသဘောမျိုး (ဆက်တိုက်မဟုတ်) ဖြင့် ပြောင်းလဲကြသည်။ ဥပမာ အရည်တစ်ခုသည် ရေဆူမှတ်အထိ အပူပေးခြင်းခံရသောအခါ ရုတ်တရက် ထုထည်ပြောင်းလဲခြင်း ရလဒ်နှင့်အတူ အငွေ့အခြေအနေသို့ ပြောင်းလဲသွားသည်။ ဤသို့ အသွင်ကူးပြောင်းမှုဖြစ်ပေါ်သည့် ပြင်ပအခြေအနေတို့၏ အတိုင်းအတာကိုပင် အဆင့်ကူးပြောင်းခြင်း (phase transition) ဟု ခေါ်ဆိုသည်။ အဆင့်ကူးပြောင်းခြင်းသည် သဘာဝအတိုင်း အများအားဖြင့် ဖြစ်ပျက်ကြ၍ ယနေ့ခေတ် နည်းပညာနယ်ပယ်များစွာတွင် အသုံးပြုကြပေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads