အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၂၅
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၏ ဥပဒေပြုကောင်စီအတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။[၁] ဒိုင်အာခီစနစ်သစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုကောင်စီသည် ဘုရင်ခံ၏ အကြံပေးအဖွဲ့ကဲ့သို့ဆောင်ရွက်သည်။[၂] အမျိုးသားပါတီသည် မဲအရေအတွက် အများဆုံးရရှိသော်လည်း ဗြိတိသျှတို့သည် ရွှေတောင်ကြားပါတီကို မျက်နှာသာပေးခဲ့သဖြင့် ထိုပါတီမှဂျေအေ မောင်ကြီးဦးဆောင်သည့် အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။[၃]
![]() | ||
| ||
ဥပဒေပြုကောင်စီနေရာ ၁၀၃ နေရာအနက် ၈၀ နေရာ | ||
---|---|---|
မဲပေးသူဦးရေ | ၁၆% | |
|
စနစ်
ဥပဒေပြုကောင်စီတွင် နေရာ ၁၀၃ နေရာရှိရာ နေရာ ၈၀ အတွက် ရွေးချယ်တင်မြှောက်ရသည်။ ထိုနေရာ ၈၀ အနက် အသိုင်းအဝိုင်းမဟုတ် (non-communal) ၅၈ နေရာကို ရွေးချယ်နိုင်သည်။ ကျန် ၂၂ နေရာကို ကုလားများအတွက် ၈ နေရာ၊ ကရင်များအတွက် ၅ နေရာ၊ ဥရောပလူမျိုးအတွက် ၁ နေရာ၊ အင်္ဂလိပ်-အိန္ဒိယကပြားအတွက် ၁ နေရာ၊ စီးပွားရေးအဖွဲ့များဖြစ်သော Burma Chamber of Commerce အတွက် ၂ နေရာ၊ Burmese Chamber of Commerce၊ Chinese Chamber of Commerce၊ Indian Chamber of Commerce၊ Rangoon Trades Association နှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ၁ နေရာစီထားရှိထားသည်။[၄] ရွေးချယ်၍မရသော နေရာ ၂၃ နေရာအနက် ၂၁ နေရာကို အစိုးရမှတင်မြှောက်သည် (အများဆုံး ၁၄ ယောက်မှာ အစိုးရအဖွဲ့ဝင်များဖြစ်နိုင်သည်)။ ကျန် ၂ နေရာမှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ (Executive Council of the Governor) မှ အဖွဲ့ဝင် ၂ ဦးအတွက်ဖြစ်ကြသည်။
ယှဉ်ပြိုင်ကြခြင်း
ဦးတုတ်ကြီးဦးဆောင်သည့် ဆွာရပ်ဂ်ျပါတီတွင် ယှဉ်ပြိုင်သူပေါင်း ၂၀၊ ရွှေတောင်ကြားပါတီတွင် ယှဉ်ပြိုင်သူ ၈၅ ဦး နှင့် အမျိုးသားပါတီတွင် ယှဉ်ပြိုင်သူ ၄၉ ဦးရှိခဲ့သည်။[၅]
ရလဒ်
ဆွာရပ်ဂ်ျပါတီသည် ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အပြင် ဦးတုတ်ကြီးသည်လည်း မိမိယှဉ်ပြိုင်ရာ စီရင်စု၌ပင် နေရာရှုံးခဲ့ရသည်။[၆] မဲပေးသူဦးရေမှာ ၁၆ ရာခိုင်နှုန်းရှိခဲ့ရာ ၁၉၂၂ ရွေးကောက်ပွဲ၏ ၆.၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ပို၍များလာခဲ့သည်။ ပါတီအသစ်များ ပေါ်ပေါက်လာခြင်းကြောင့် မဲပေးသူဦးရေတိုးတက်လာသည်ဟု သုံးသပ်နိုင်သည်။[၇]
ပါတီ | မဲအရေအတွက် | ရရှိသည့်နေရာ |
---|---|---|
အမျိုးသားပါတီ | ၂၅ | |
ရွှေတောင်ကြားပါတီ | ၂၀ | |
ဟုမ္မရူးပါတီ | ၁၁ | |
ဆွာရပ်ဂ်ျပါတီ | ၉ | |
အခြား | ၁၅ | |
ဘုရင်ခံမှအမတ် | – | ၂၁ |
ဝန်ကြီးများ | – | ၂ |
စုစုပေါင်း | ၁၀၃ | |
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.