အပြာရောင်အရွေ့

From Wikipedia, the free encyclopedia

Remove ads

အပြာရောင်အရွေ့ဆိုသည်မှာ လျှပ်စစ်သံလိုက်လှိုင်းတစ်ခု၏ ကြိမ်နှုန်း (Frequency) တိုးလာခြင်းနှင့်အတူ လှိုင်းအလျား (Wavelength) လျော့နည်းလာသည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။ ယင်းသည် အနီရောင်အရွေ့နှင့် ဆန့်ကျင်ဘက်ပင်တည်း။ ဤအရွေ့၌ မြင်နိုင်သောအလင်းထဲတွင် ရောင်စဉ်သည် အနီရောင်အဆုံးမှ အပြာရောင်အဆုံးသို့ ဖြစ်သည်။

ဒေါ့ပလာ အကျိုးသက်ရောက်မှု

Thumb
ဒေါ့ပလာ အနီရောင်အရွေ့နှင့် အပြာရောင်အရွေ့ သက်ရောက်မှု

ဥပမာပေးရသော် အာကာသယာဉ်တစ်စင်းသည် အလင်းအလျင်၏ ၁၀ ပုံ ၁ ပုံခန့်ဖြင့် ခရီးသွားပါက မြင်ကွင်းသည် အပြာရောင်သန်းလာမည်ဖြစ်သည်။ အကယ်၍ နောက်သို့လှည့်ကြည့်ပါက မြင်ကွင်းသည် အနီရောင်သန်းသွားသည်ကို မြင်တွေ့ရပေမည်။[] အပြာရောင်အရွေ့အား နက္ခတ္တဗေဒတွင် အရာဝတ္ထုတို့၏ ရွေ့လျားမှုအား တိုင်းတာရာ၌ အသုံးပြုသည်။

Remove ads

အခြားကြည့်ရန်

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads