အင်ဒရိုမီဒါ ဂလက်ဆီ

Local Group အတွင်းရှိ ခရုပတ်ပုံစံ ဂလက်ဆီ From Wikipedia, the free encyclopedia

အင်ဒရိုမီဒါ ဂလက်ဆီ
Remove ads

အင်ဒရိုမီဒါ ကြယ်စင်စုကြီး (အင်္ဂလိပ်: Andromeda Galaxy; /ænˈdrɒmɪdə/) သည် ကမ္ဘာမြေမှ အလင်းနှစ် (၂.၅) သိန်း နီးပါးခန့် အကွာတွင် တည်ရှိသည့် ခရုပတ်ပုံစံ ကြယ်စင်စုတစ်ခု ဖြစ်သည်။[] M31 သို့မဟုတ် NGC 224 ဟု ခေါ်ဆိုပြီး တခါတရံတွင် ခမ်းနားသော အင်ဒရိုမီဒါ နက်ဗျူလာ ဟုလည်း ရည်ညွန်းသည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နဂါးငွေ့တန်း ကြယ်စင်စု နှင့် အနီးဆုံး ကြယ်စင်စု ဖြစ်သည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နဂါးငွေ့တန်း ကြယ်စင်စု ပါဝင်သည့် Local Group ထဲတွင် အကြီးမားဆုံး ကြယ်စင်စုဖြစ်ပြီး ယင်း Local Group တွင် ထရိုင်ဂူလယ် ဂယ်လက်ဆီ အပါအဝင် အခြားသော သေးငယ်သည့် အဖွဲ့ဝင်ကြယ်စင်စု ၄၄ ခုပါဝင်သည်။ ၂၀၀၆ ခုနှစ် Spitzer Space Telescope မှ လေ့လာချက်အရ အင်ဒရိုမီဒါတွင် ပါဝင်သော ကြယ်အရေအတွက်သည် တစ်ထရီလီယံ (၁ဝ၁၂) ဖြစ်သည်။ [] နဂါးငွေ့တန်း ကြယ်စင်စုတွင် ပါဝင်သော ကြယ်များမှာ ခန့်မှန်းခြေ ၂၀၀ မှ ၄၀၀ ဘီလီယံမျှသာဖြစ်သဖြင့် အင်ဒရိုမီဒါတွင် တည်ရှိသော ကြယ်အရေအတွက်မှာ နှစ်ဆခန့်ရှိသည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နေထုထည်ပေါင်း (၁.၅×၁၀၁၂) ရှိမည်ဟု ခန့်မှန်းထားသည်။ နောင်နှစ်ပေါင်း ၃.၇၅ ဘီလီယံအကြာတွင် နဂါးငွေ့တန်း ကြယ်စင်စုနှင့် အင်ဒရိုမီဒါ ကြယ်စင်စုတို့ တိုက်မိနိုင်မည်ဟု ခန့်မှန်းထားပြီး ဘဲဥပုံစံ ကြယ်စင်စုအဖြစ် ပေါင်းစပ်သွားနိုင်ဖွယ်ရှိသည်။ အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်ပါက အင်ဒရိုမီဒါကြယ်စင်စုကို လပြည့်ဝန်းအရွယ်အစားထိ မြင်နိုင်သည်။

အချက်တိုများ အင်ဒရိုမီဒါ ကြယ်စင်စု, လေ့လာရေး ဒေတာ (J2000 epoch) ...
Remove ads

စူးစမ်းလေ့လာသော သမိုင်း

Thumb
၁၈၉၉ အိုင်ဆပ် ရော့ဘတ်၏ ခမ်းနားသော အင်ဒရိုမီဒါ နက်ဗျူလာ

ပါရှန်း အာကာသပညာရှင် Abd al-Rahman al-Sufi သည် အင်ဒရိုမီဒါ ဂလက်ဆီအကြောင်းကို "သေးငယ်သော တိမ်တိုက်" ဟု သူ၏ Book of Fixed Stars စာအုပ်တွင် ရေးသားခဲ့သည်။ တယ်လီစကုပ်အား အခြေခံပြီး လေ့လာသော အင်ဒရိုမီဒါအကြောင်း ပထမဆုံးဖော်ပြချက်မှာ ၁၆၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဂျာမန် နက္ခတ္တပညာရှင် ဆိုင်မွန် မာရီယပ် (Simon Marius) မှ ရေးသားခဲ့သည်။ သာမန်မျက်စိဖြင့် မြင်ရသော်လည်း ချားလ် မက်ဆီယာသည် အင်ဒရိုမီဒါကို M31 အဖြစ် မှားယွင်းစွာ အုပ်စုခွဲခဲ့သည်။ ၁၇၈၅ ခုနှစ်တွင် နက္ခတ္တပညာရှင် ဝီလီယံ ဟာရှယ်သည် M31 အား အနီးဆုံး နက်ဗျူလာအဖြစ် ယုံကြည်ခဲ့ပြီး ဆိုင်ရစ်ထက် အကွာအဝေး အဆပေါင်း ၂ဝဝဝ ထက်မပိုဟု မှားယွင်းစွာ ခန်းမှန်းခဲ့သည်။

Thumb
အလွန်ကြီးမားသော တယ်လီစကုပ် အပေါ်မှ M31

M31 ၏ပထမဆုံးဓာတ်ပုံကို ၁၈၈၇ ခုနှစ်တွင် အိုင်ဆပ် ရော့ဘတ် မှ အင်္ဂလန်နိုင်ငံ ဆူဆပ်ပြည်နယ်မှတဆင့် ရိုက်ယူခဲ့သည်။ ယင်းအချိန်က ကျွန်ုပ်တို့ဂယ်လက်ဆီအတွင်းရှိ နက်ဗျူလာတစ်ခုဟုသာ ယုံကြည်ခဲ့ကြသည်။ M31 နှင့်တူညီသော နက်ဗျူလာတို့သည် နေအဖွဲ့အစည်း ဖြစ်တည်သည့်ပုံစံ ဟု ရောဘတ် မှားယွင်းစွာ ယုံကြည်ခဲ့သည်။ M31 ၏ ကျွန်ုပ်တို့ နေအဖွဲ့အစည်းဆီသို့ ဦးတည်သော အချင်းဝက် အရှိန်ကို ၁၉၁၂ ခုနှစ်မှာ Vesto Slipher မှ တိုင်းတာခဲ့သည်။ ထိုအချိန်တွင် တိုင်းတာခဲ့ဖူးသမျှထဲတွင် အကြီးဆုံး အရှိန်ဖြစ်ပြီး နေဆီသို့ တစ်စက္ကန့်လျှင် ကီလိုမီတာ ၃ဝဝ နှုန်းဖြင့် တိုက်ရိုက် ရွေ့လျားနေခဲ့သည်။

ကျွန်း စကြဝဠာ

Thumb
အင်ဒရိုမီဒါ ကြယ်စုတန်းထဲမှ M31 ၏တည်နေရာ

၁၉၁၇ ခုနှစ်တွင် Heber Curtis မှ M31 မှ နိုဗာ တစ်ခုအား လေ့လာခဲ့သည်။ ဓာတ်ပုံမှတ်တမ်းများကို ရှာဖွေရင်း နိုဗာ ၁၁ ခု တွေ့ရှိခဲ့သည်။ Curtis သတိထားမိသည်မှာ ယင်းနိုဗာများသည် ကောင်းကင်ယံတွင် တွေ့ရှိရသော နိုဗာများထက် ဆယ်ဆခန့် မှိန်ကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ယင်းတို့သည် အလင်းနှစ် ၅ဝဝဝဝဝ အကွာမှ ရောက်လာခြင်းဖြစ်သည်ဟု ခန့်မှန်းနိုင်သည်။ အင်ဒရိုမီဒါ ဂလက်ဆီ၏ ရေဒီယိုထုတ်လွှင့်မှုကို ၁၉၅၀ တွင် ပထမဆုံးအကြိမ် ခြေရာခံခဲ့ပြီး ရေဒီယိုမြေပုံအား ထုတ်ပြန်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် microlensing နည်းပညာကိုအသုံးချကာ အင်ဒရိုမီဒါဂလက်ဆီထဲမှ ပထမဆုံးဂြိုဟ်အား ရှာဖွေ့နိုင်ခဲ့သည်။

Remove ads

ယေဘုယျ

Thumb
နာဆာWide-field Infrared Survey Explorer ဖြင့်မြင်ရသော အင်ဒရိုမီဒါ ဂယ်လက်ဆီ

အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ ခန့်မှန်းအကွာအဝေးသည် ၁၉၅၃ ခုနှစ်တွင် နှစ်ဆမြင့်သွားခဲ့သည်။

ဖွဲ့စည်းပုံနှင့် သမိုင်း

နက္ခတ္တဗေဒပညာရှင်များ၏ ၂ဝ၁ဝ ခုနှစ်တွင် အစီရင်ခံတင်ပြချက်များအရ M31 သည် လွန်ခဲ့သောနှစ်ပေါင်း ၅-၉ ဘီလီယံအကြာမှ ဂယ်လက်ဆီငယ်နှစ်ခု တိုက်မိရာမှ ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ M31 ၏သမိုင်းကို ၂၀၁၂ ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။ ထိုပုံနှိပ်မှတ်တမ်းအရ အင်ဒရိုမီဒါ ဂလက်ဆီသည် လွန်ခဲ့သောနှစ်ပေါင်း ၁ဝ ဘီလီယံခန့်မှ ဂလက်ဆီအသေးစားနှစ်ခု တိုက်မိရာမှတဆင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုနိုင်သည်။ ထိုသို့ပြင်းထန်သော ထိတိုက်မှုကြောင့် အင်ဒရိုမီဒါ၏ အလယ်ဗဟိုတွင် အပေါက်ကြီးတစ်ခု ရှိနေခြင်း ဖြစ်နိုင်သည်။ M31 နှင့် M33 သည် နှစ်ပေါင်း ၂-၄ ဘီလီယံအကြာခန့်က အလွန်နီးကပ်ခဲ့ပေလိမ့်မည်။

Thumb
အင်ဒရိုမီဒါ ဂယ်လက်ဆီအား GALEX မှ ခရမ်းလွန်ရောင်ခြည်ဖြင့် မြင်ရပုံ

၂ဝဝ၅ ခုနှစ်တွင် Ignasi Ribas နှင့် ကျောင်းသားများသည် အင်ဒရိုမီဒါ ဂလက်ဆီထဲမှ ဒွိကြယ်စနစ် ကြယ်ကြတ်ခြင်းအား ကြေညာခဲ့သည်။ ထိုကြယ်ကြတ်တာရာများကို လေ့လာရာမှ ထိုသို့သောအဖြစ်အပျက်သည် ၃.၅၄၉၆၉ ရက်တိုင်း ဖြစ်နေကျဖြစ်သဖြင့် နက္ခတ္တပညာရှင်များသည် သူတို့၏ ထုထည်ကို တိုင်းတာနိုင်ခဲ့သည်။ ကြယ်များ၏ထုထည်နှင့် အပူချိန်ကို သိရှိခြင်းဖြင့် ကြယ်များ၏ ပကတိ ပမာဏများကို တိုင်းတာနိုင်ခဲ့သည်။ ပကတိ ပမာဏကိုသိပါက ကြယ်ဆီမှ အကွာအဝေးကိုလည်း တိုင်းတာနိုင်မည်ဖြစ်သည်။

ထုထည်နှင့် တောက်ပမှု ခန်းမှန်းခြေ

ထုထည်

Thumb
အင်ဒရိုမီဒါ ဂလက်ဆီအနားမှ ကြီးမားသောအပေါက်[]

၂ဝ၁၅ ခုနှစ်တွင် ဟာဘယ် အာကာသ တယ်လီစကုပ်မှ လေ့လာချက်အရ M31 တွင် ကြီးမားသော အပေါက်ကြီးတစ်ခုရှိကြောင်း တွေ့ရှိခဲ့သည်။ အပေါက်သည် အင်ဒရိုမီဒါဂလက်ဆီတွင်ပါဝင်သော ကြယ်ထက်ဝက်ခန့် ပါဝင်သည်ဟု ခန့်မှန်းထားသည်။ ၂ဝ၁၅ ခုနှစ် မေလ ၇ ရက်တွင် အပေါက်သည် ယခင်တိုင်းတာချက်ထက် အဆပေါင်း ၁ဝဝဝ ပိုမိုကြီးမားကြောင်း တွေ့ရှိခဲ့သည်။ အင်ဒရိုမီဒါဂလက်ဆီ သက်တမ်းတစ်လျှောက်တွင် ကြယ်များမှ ထုတ်လွတ်လိုက်သော လေးလံသည့် အရာဝတ္ထုထက်ဝက်ခန့်အား အလင်းနှစ် ၂ဝ,ဝဝဝ အကွာ ဂလက်ဆီပြင်ပသို့ မှုတ်ထုတ်ပစ်ခဲ့သည်။

တောက်ပမှု

မကြာမီက လေ့လာချက်များအရ နဂါးငွေ့တန်းဂလက်ဆီကဲ့သို့သော အင်ဒရိုမီဒါသည် ကြယ်များ ပေါကြွယ်များပြားသည့် အပြာရောင်တိမ်တိုက်ဖြစ်သည်။ အချို့သော ဂလက်ဆီများသည် ကြယ်ပါဝင်မှုနည်းပါးသဖြင့် အနီရောင်အဖြစ် မြင်တွေ့ရသည်။ ကြယ်များ ဖွဲ့တည်မှုကြောင့် အစိမ်းရောင်ဖြစ်စဉ်သည် နှေးကွေးလာသည်ဟု ဆိုသည်။ လေ့လာစမ်းသပ်ချက်များအရ ကြယ်များဖွဲ့တည်မှုသည် နှစ်ပေါင်း ၅ ဘီလီယံခန့်အကြာတွင် ပျောက်ကွယ်သွားကြသည်ဟု ဆိုသည်။

Remove ads

အရန် ဂယ်လက်ဆီများ

နဂါးငွေ့တန်းဂယ်လက်ဆီကဲ့သို့ အင်ဒရိုမီဒါဂယ်လက်ဆီတွင် ဂလက်ဆီပု ၁၄ ခုပါဝင်သည်။ လူသိများပြီး အလွယ်တကူလေ့လာနိုင်သော အရန်ဂယ်လက်ဆီများမှာ M32 နှင့် M110 တို့ဖြစ်သည်။ ယခုလက်ရှိ မျက်မြင်သက်သေအရ M31 နှင့် နီးကပ်နေသည့် အသွင်ဆောင်သည်။ M32 သည် တချိန်က ကြီးမားသော ဂယ်လက်ဆီ ဖြစ်တန်ကောင်းသည်။ M110 သည် M31 နှင့် အတွင်းပိုင်း ချိတ်ဆက်နေသယောင်ပုံစံ ပေါက်သည်။ M110 တွင် ဖုန်မှုန်လမ်းကြောင်းပါဝင်ပြီး ၂ဝဝ၆ ခုနှစ်တွင် ယင်းသည် အင်ဒရိုမီဒါ ဂယ်လက်ဆီနှင့် အတွင်းဖြတ်ကြသည်ဟု လေ့လာတွေ့ရှိရသည်။

အနာဂတ်တွင် နဂါးငွေ့တန်းဂယ်လက်ဆီနှင့် တိုက်မိခြင်း

အင်ဒရိုမီဒါ ဂယ်လက်ဆီသည် တစ်စက္ကန့်လျှင် ကီလိုမီတာ ၁၁ဝ နှုန်းဖြင့် နဂါးငွေ့တန်းဂလက်ဆီထံသို့ ချဉ်းကပ်နေသည်။ ဤသည်မှာ ကျွန်ုပ်တို့၏နေမင်းနှင့် နှိုင်းယှဉ်ကာ တစ်စက္ကန့်လျှင် ကီလိုမီတာ ၃ဝဝ နှုန်းဖြင့် တိုင်းတာခြင်းဖြစ်သည်။[] နေသည် ကျွန်ုပ်တို့၏ဂလက်ဆီကို ဗဟိုပြုပြီး တစ်စက္ကန့်လျှင် ကီလိုမီတာ ၂၂၅ နှုန်းဖြင့် လှည့်ပတ်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့ လေ့လာမိသမျှ အင်ဒရိုမီဒါဂယ်လက်ဆီသည် အပြာရောင်အရွေ့ ဂလက်ဆီအဖြစ် တွေ့ရခြင်းဖြစ်သည်။ အပြာရောင်အရွေ့ဆိုသည်မှာ မိမိတို့ထံသို့ ချဉ်းကပ်လာသော အရာဝတ္ထုကို တိုင်းတာသော စနစ်ဖြစ်သည်။ ထို့ကြောင့် အနီရောင်အရွေ့ ဆိုပါက မိမိတို့နှင့် ဝေးရာသို့ ပြေးနေသောအရာဟု ခေါ်ဆိုနိုင်သည်။ ယနေ့ မဟာစကြဝဠာတွင် တွေ့နေရသည့် ဂယ်လက်ဆီ အများစုသည် တစ်ခုနှင့်တစ်ခု လားရာဦးတည်ချက် ဆန့်ကျင်ဘက်သို့ ပြေးလွှားနေလျက်ရှိတယ်။ ယင်းအား ပြန့်ကားနေသော စကြဝဠာ (Expanding Universe) ဟုခေါ်သည်။ သို့သော် အင်ဒရိုမီဒါ ဂယ်လက်ဆီသည် ခြွင်းချက်အဖြစ် ဝေးရာသို့ ပြေးလွှားမနေဘဲ နဂါးငွေ့တန်းဂလက်ဆီထံသို့ ချဉ်းကပ်နေသော ဂယ်လက်ဆီတစ်ခုပင် ဖြစ်သည်။ လက်ရှိ အင်ဒရိုမီဒါ၏ နဂါးငွေ့တန်းဂလက်ဆီသို့ ချဉ်းကပ်လာသော အရှိန်နှုန်းအတိုင်းအရ နောင်နှစ်ပေါင်း ၄ ဘီလီယံခန့်တွင် ဂလက်ဆီနှစ်ခု တိုက်မိမည် ဖြစ်သည်။ နေအဖွဲ့အစည်းနှင့် ကမ္ဘာမြေ၏ ကံကြမ္မာကို မသိရသေးပေ။ မတိုက်မိခင်အချိန်တွင် ကျွန်ုပ်တို့၏နေအဖွဲ့အစည်းသည် နဂါးငွေ့တန်းကြယ်စုမှ လွတ်မြောက်နိုင်သည့် အခွင့်အရေး သို့မဟုတ် M31 နှင့် ပူးပေါင်းနိုင်သည့်အခွင့်အရေး သေးသေးတစ်ခု ရှိသည်။ တချို့သောသူများသည် ယင်းဖြစ်စဉ်ကို ကမ္ဘာအနေဖြင့် လွတ်မြောက်နိုင်မည်ဟု ယုံကြည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် နေတစ်စင်းနှင့်တစ်စင်းသည် အလင်းနှစ်ပေါင်းများစွာ ဝေးကွာနေခြင်းကြောင့်ဖြစ်သည်။

Remove ads

အခြား ကြည့်ရှုရန်

ကိုးကား

ပြင်ပ လင့်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads