Local Group
From Wikipedia, the free encyclopedia
Remove ads
Local Group ဆိုသည်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီပါဝင်သော ဂယ်လက်ဆီအဖွဲ့တစ်ခုဖြစ်သည်။ Local Group တွင် ဂယ်လက်ဆီပေါင်း ၅၄ ခုပါဝင်ကာ ယင်းတို့ထဲမှအများစုမှာ ဂယ်လက်ဆီပု (dwarf galaxies) များဖြစ်ကြသည်။ ယင်း၏ ဒြပ်ဆွဲငင်ရာ ဗဟိုအချက်အချာသည် နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီတို့၏ကြား တစ်နေရာရာတွင် တည်ရှိသည်။ Local Group သည် အချင်းအားဖြင့် အလင်းနှစ်သိန်းပေါင်း ၁၀ ခန့်လွှမ်းခြုံထားသည်။[၁] အဖွဲ့ကိုယ်တိုင်သည်လည်း Laniakea Supercluster ၏ အစိတ်အပိုင်းဖြစ်သည်။[၂] Local Supercluster အား မူလက Virgo Supercluster ဟုထင်မှတ်ခဲ့သော်လည်း ယခုအခါ Local Supercluster ဟုပြန်လည်သတ်မှတ်လိုက်သည်။[၃] အဖွဲ့၏ အင်အားကြီးအဖွဲ့ဝင်များမှာ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီများဖြစ်ကြသည်။[၄] ယင်းတို့သည် ခရုပတ်ပုံစံ ဂယ်လက်ဆီများဖြစ်ကြပြီး တစ်ခုချင်းစီတွင် အရန်ဂယ်လက်ဆီများ ရှိကြသည်။
- နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီများတွင်- Sagittarius ဂယ်လက်ဆီပု၊ ကြီးမားသော မက်ဂျစ်လက်နစ်တိမ်တိုက်၊ သေးငယ်သော မက်ဂျစ်လက်နစ်တိမ်တိုက်၊ Canis Major Dwarf၊ Ursa Minor Dwarf၊ Draco Dwarf၊ Carina Dwarf၊ Sextans Dwarf၊ Sculptor Dwarf၊ Fornax Dwarf၊ Leo I, Leo II, and Ursa Major I Dwarf and Ursa Major II Dwarf, ယင်းအပြင် အခြားသော အလွန်မှေးမှိန်သည့် ဂလက်ဆီငယ်လေးများ။
- အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီများတွင်- Messier 32 (M32), Messier 110 (M110), NGC 147, NGC 185, အင်ဒရိုမီဒါ ၁ , အင်ဒရိုမီဒါ ၂, အင်ဒရိုမီဒါ ၃, အင်ဒရိုမီဒါ ၄, အင်ဒရိုမီဒါ ၅, Pegasus dSph (aka အင်ဒရိုမီဒါ ၆), Cassiopeia Dwarf (aka အင်ဒရိုမီဒါ ၇), အင်ဒရိုမီဒါ ၈, အင်ဒရိုမီဒါ ၉, အင်ဒရိုမီဒါ ၁၀, အင်ဒရိုမီဒါ ၁၁, အင်ဒရိုမီဒါ ၁၂, အင်ဒရိုမီဒါ ၁၃ နှင့် အင်ဒရိုမီဒါ ၁၄, အခြား အလွန်မှိန်သည့် ဂယ်လက်ဆီငယ်လေးများ။
- ထရိုင်ဂူလယ် ဂယ်လက်ဆီသည် Local Group ထဲမှ ခရုပတ်ပုံစံဂယ်လက်ဆီထဲတွင် တတိယအကြီးဆုံး ဂယ်လက်ဆီဖြစ်ပြီး အန်ဒရိုမီဒါ ဂယ်လက်ဆီနှင့် အဖော်မဟုတ်တန်ရာ။

Remove ads
သမိုင်း
Local Group ဆိုသောအခေါ်ဝေါ်သည် အဒ်ဝင် ဟာဘဲလ်မှ သူ၏ The Realm of the Nebulae ဆိုသော စာအုပ်မှ အပိုင်း (၆) တွင် စတင်မိတ်ဆက်ခဲ့သည်။[၅] သူ ဖော်ပြထားသည်မှာ "နက်ဗျူလာများ၏ သေးငယ်သောအဖွဲ့များ" ဟုဖြစ်သည်။ အလင်းတောက်ပမှုအား လျော့နည်းစေကာ M31, Milky Way, M33, ကြီးမားသော မစ်ဂျစ်လန်နစ် တိမ်တိုက်၊ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်၊ M32, NGC 205, NGC 6822, NGC 185, IC 1613 နှင့် NGC 147 ဟူ၍ အသီးသီး သတ်မှတ်ခဲ့သည်။ သူသည် IC 10 အားလည်း ဖြစ်နိုင်ခြေရှိသော Local Group အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် Local Group အဖွဲ့ဝင်များသည် ၁၂ မှ ၃၆ အထိ တိုးလာခဲ့သည်။[၆]
Remove ads
ဂယ်လက်ဆီများ ပါဝင်မှု
မြေပုံ

ဂယ်လက်တစ် စာရင်းအင်း
Remove ads
အခြား သတိပြုမိဖွယ် အရာဝတ္ထုများ
- အရှိန်ပြင်း ကြယ်တာရာ ဆမိတ်တိမ်တိုက်သည် ကမ္ဘာမြေမှ အလင်းနှစ် ၃၂၀၀၀ နှင့် ၄၉၀၀၀ အကွာတွင်တည်ရှိသည်။[၉] နဂါးငွေ့တန်း အချပ်ပြားမှဆိုပါက အလင်းနှစ် ၈၀၀၀ ကွာဝေးသည်။[၁၀]
- အရှိန်ပြင်းတိမ်တိုက် HVC 127-41-330 သည် ကမ္ဘာမှ အလင်းနှစ် ၂.၃ မီလီယံအကွာတွင် တည်ရှိသည်။
- နဂါးငွေ့တန်း ဂယ်လက်ဆီ ပတ်ဝန်းဂျင်နားတွင် ဝိုင်းရံထားသော ကြယ်အစုအကွင်း Monoceros Ring ဖြစ်သည်။
မြေပုံကြမ်း
အခြားကြည့်ရန်
ကျမ်းကိုး
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads