အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)

From Wikipedia, the free encyclopedia

Remove ads

လမ်းညွှန်မှာကြားချက်အရ ပြည်နယ်တိုင်း အသီးသီးမှ ထင်ရှားသော နေရာဒေသ၊ အဆောက်အဦးများ ထည့်သွင်း တည်ဆောက် စေခဲ့သည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် အကျယ် အဝန်း(၅၆.၆၇) ဧက အား မြေယာရှုခင်း စတင်အကောင်အထည်ဖော် ဆောင်ရွက် တည်ဆောက်ခဲ့ရာ ကျပ်ငွေသန်းပေါင်း (၂၂၀၀၀) ခန့် ကုန်ကျခဲ့ပြီး (၂၀၀၆) ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဥယျာဉ် အတွင်းလေ့လာနိုင်သော ထင်ရှားသော အထိမ်းအမှတ် များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

  1. ကချင်ပြည်နယ် - ခါကာဘိုရာဇီတောင်
  2. ကယားပြည်နယ်- တောင်ကွဲစေတီ
  3. ကရင်ပြည်နယ် - ဇွဲကပင်တောင်
  4. ချင်းပြည်နယ် - ရိဒ်ရေကန် ၊ နတ်မတောင်
  5. စစ်ကိုင်းတိုင်း - ကောင်းမှုတော်စေတီ ၊စစ်ကိုင်းတောင်
  6. တနင်္သာရီတိုင်း - ဘုရင့်နောင်အငူ
  7. ပဲခူးတိုင်း - ကမ္ဘောဇသာဒီနန်းတော်
  8. မကွေးတိုင်း - ရေနံမြေ
  9. မန္တလေးတိုင်း - မြနန်းစံကျော်ရွှေနန်းတော်၊ ကျုံးမြို့ရိုး၊ ပုပ္ပါးတောင်ကလပ် ၊ ပိတ်ချင်းမြောင်လှိုင်ဂူ
  10. မွန်ပြည်နယ် - ကျိုက်ထီးရိုးစေတီ
  11. ရခိုင်ပြည်နယ် - သျစ်သောင်းပုထိုးတော်ကြီး
  12. ရန်ကုန်တိုင်း - ရွှေတိဂုံစေတီတော် ၊မြို့တော်ခန်းမ
  13. ရှမ်းပြည်နယ် - အင်းလေးကန် ၊ဖောင်တော်ဦးဘုရား ၊ဂုတ်ထိပ်တံတား
  14. ဧရာဝတီတိုင်း - ချောင်းသာကမ်းခြေ ၊မော်တင်စွန်းဘုရား

ဥယျာဉ်သည် အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် တစ်ဆက်တည်း ထိစပ်လျက်ရှိပြီး မနိမ့်မမြင့် တောင်ကုန်းလေးများ အဖြစ် တည်ရှိနေသည့် မြေမျက်နှာ သွင်ပြင်ပေါ်တွင် မြေခင်း အလှရောင်စုံပန်း အလှပင်များနှင့် ဒေသရင်းအပင်များ ဝေဆာစွာ စိုက်ပျိုးထားသည့်အကြား ပြည်နယ်နှင့် တိုင်းများရှိ အထင်ကရ သဘာ၀နေရာများ ၊ အဆောက်အဦးများကို တစ်နေရာတည်းတွင် လေ့လာမှတ်သားနိုင်သည်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အား ပြည်တွင်း ၊ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်အပန်းဖြေ အနားယူရာတွင် သဘာ၀ ပတ်ဝန်းကျင်နှင့် အလှအပများအား ရှုမြင်ခံစားခြင်းနှင့်အတူ ပြည်နယ် ၊တိုင်းအလိုက် ထူးခြား ထင်ရှားသည့် အထင်ကရ သဘာ၀အထိမ်းအမှတ်များနှင့် ဖန်တီးမှု အထိမ်းအမှတ် အလှအပများကို တစ်နေရာတည်းတွင် ပြည်ထောင်နယ်သဖွယ် ဆက်စပ်စုစည်း ခံစားနိုင်စေရန် ရည်ရွယ်၍ တည်ထောင်ဖွင့်လှစ်လျက် ရှိသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads