အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်

စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် From Wikipedia, the free encyclopedia

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်
Remove ads

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၃၃))သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၏ လက်ရှိတပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်' ဖြစ်သည်။

အချက်တိုများ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်, တည်ထောင် ...
Remove ads

သမိုင်း

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ပထမဆုံးတပ်မမှူးမှာ ဗိုလ်မှူးကြီးကျော်ဘ (ကြည်း - ၇၉၂၄) ဖြစ်သည်။

ဖွဲ့စည်းပုံ

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည် -

တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးကြီး ကျော်ဘ (ကြည်း - ၇၉၂၄) (ဗသက - ၂၁) (၉-၁၀-၁၉၈၄ မှ ၁၆-၁၀-၁၉၈၅)
  2. ဗိုလ်မှူး လှရွှေ (ကြည်း - ၈၁၆၃) (ဗသက - ၂၂)
  3. ဗိုလ်မှူးချုပ် တင်ထွဋ် (ဗသက - ၃၀)
  4. ဗိုလ်မှူးချုပ် ခင်ဇော် (ကြည်း - ၁၃၂၄၂) (ဗသက - ၄၉)
  5. ဗိုလ်မှူးချုပ် တင်ထွန်းအောင် (ကြည်း - ၁၄၂၅၁) (စတသ - ၁၉)
  6. ဗိုလ်မှူးချုပ် ခင်မောင်ထွန်း
  7. ဗိုလ်မှူးချုပ် အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
  8. ဗိုလ်မှူးချုပ် အောင်စိုး (ကြည်း - ၁၈၈၈၆) (စတသ - ၂၆)
  9. ဗိုလ်မှူးချုပ် အောင်အောင်
  10. ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်
  11. ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads