အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
အင်းမမြို့အခြေစိုက်တပ်ရင်း From Wikipedia, the free encyclopedia
Remove ads
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၆၆))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏တောင်ဘက် မိုင်(၂၀)အကွာ ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးကြီး ကျော်စိုးလင်း (ကြည်း - ၃၁၇၅၉) ဖြစ်သည်။
Remove ads
သမိုင်း
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ကို ၁၉၇၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ပိုင်းလော့ရိပ်သာတွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ တပ်မဌာနချုပ်ကို ပဲခူးတိုင်း၊ ပြည်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ပထမဆုံးတပ်မမှူးမှာ ဗိုလ်မှူးကြီးဂျီတောင်ဇာခိုင် (ကြည်း - ၅၈၄၁) ဖြစ်သည်။ ဤအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်သည် မြန်မာ့တပ်မတော်၏ တပ်မများထဲတွင် နာမည် အကျော်ကြားဆုံးတပ်မများထဲမှ တစ်ခုဖြစ်ပြီး တိုက်ပွဲကြီးများတွင်လည်း ဝင်ရောက်ဆင်နွှဲခဲ့သည်။ သာဓကတစ်ခုအနေနဲ့ ပြရမည်ဆိုပါက ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသတိုက်ပွဲပင်ဖြစ်သည်။ တပ်မ(၆၆)သည် ယခင်က အင်းမဒေသတွင် အခြေမစိုက်ပါ။ ပြည်မြို့တွင်အခြေစိုက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်မှ အင်းမဒေသသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ တပ်မ၏ လက်အောက်ခံတပ်ရင်း (၃)ရင်းနှင့် လက်ရုံးတပ်ဖွဲ့များမှာ တပ်မဌာနချုပ် အနီးတွင်တည်ရှိပြီး ကျန်တပ်ရင်းများမှာ အင်းမမြို့နှင့် အနည်းငယ်ဝေးသည့် မြို့များတွင် တည်ရှိသည်။ တပ်မဌာနချုပ်တည်ရှိသည့်နေရာမှာ မအူကန်ရွာရှိ ပေ ၂၀၀ ကျော်ခန့်မြင့်သော တောင်ကုန်းပေါ်တွင်ဖြစ်သည် ထို့ကြောင့်လည်း ဒေသခံများက တပ်မတည်နေပုံမှာ ကုန်းပေါ်တွင်ဖြစ်သောကြောင့် ထိုတပ်မအား ကုန်းပေါ် ဟုလည်းခေါ်လေ့ရှိသည်။
Remove ads
ဖွဲ့စည်းပုံ
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
အမှတ်(၆၆၁)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၆၆၂)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၆၆၃)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေမြန်တပ်ရင်းများ
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် ခြေမြန်တပ်ရင်း (၁၀)ရင်းရှိပြီး အောက်ပါအတိုင်းဖြစ်သည် -
- ခလရ (၁) - မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ
- ခလရ (၁၁) - ဝါးယားချောင်း၊ ပုသိမ်မြို့
- ခလရ (၁၄) - ပြည်မြို့
- ခလရ (၃၅) - သာယာ၀တီမြို့
- ခလရ (၈၀) - အင်းမမြို့
- ခမရ (၄) - အင်းမမြို့
- ခမရ(၅) - အင်းမမြို့
- ခမရ (၆) - အုတ်ဖိုမြို့
- ခမရ (၁၀) - မှတ်တိုင်ရွာ၊ ပေါင်းတည်မြို့နယ်
- ခမရ (၁၀၈) - ဓနုဖြူမြို့
တို့ဖြစ်သည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
Remove ads
တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
- ဗိုလ်မှူးကြီး ဂျီတောင်ဇာခိုင် (ကြည်း - ၅၈၄၁) (၁၃-၈-၁၉၇၆ မှ ၂၃-၃-၁၉၇၉)
- ဗိုလ်မှူးကြီး တင်ဦး (ကြည်း - ၆၁၇၅) (၂၄-၃-၁၉၇၉ မှ ၇-၈-၁၉၈၁)
- ဗိုလ်မှူးကြီး အေးသောင် (ကြည်း - ၇၀၃၄) (ဗသက - ၁၃) (၈-၈-၁၉၈၁ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်မှူးကြီး တင်ဦး (ကြည်း - ၈၀၁၈) (၄-၁၁-၁၉၈၅ မှ )
- ဗိုလ်မှူးချုပ် အေးကျော် (ကြည်း - ၈၈၀၄)
- ဗိုလ်မှူးကြီး ညွှန့်တင်
- ဗိုလ်မှူးချုပ် စိုးဝင်း (ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
- ဗိုလ်မှူးချုပ် အောင်ထွန်း (စတသ - ၁၆)
- ဗိုလ်မှူးကြီး ကြည်အောင် (ကြည်း - ၁၀၅၉၃)
- ဗိုလ်မှူးကြီး မင်းအောင်လှိုင် (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
- ဗိုလ်မှူးချုပ် ခင်ဇော်ဦး (ကြည်း - ၁၅၀၀၇) (ဗသက - ၅၆)
- ဗိုလ်မှူးချုပ် မောင်မောင်အေး (ကြည်း - ၁၈၁၃၈) (ဗသက - ၆၄)
- ဗိုလ်မှူးချုပ် စန်းမြင့် (ကြည်း - ၁၇၉၅၃) (အလသ - ၁၀)
- ဗိုလ်မှူးချုပ် သန်းဦး
- ဗိုလ်မှူးချုပ် မြင့်သန်း
- ဗိုလ်မှူးချုပ် မျိုးမင်း
- ဗိုလ်မှူးချုပ် ကျော်လင်းအောင်
- ဗိုလ်မှူးချုပ် ဝင်းသူလင်း (ကြည်း - ၂၉၃၆၁) (စတသ - ၃၉)
- ဗိုလ်မှူးကြီး ကျော်စိုးလင်း (ကြည်း - ၃၁၇၅၉) (စတသ - ၄၁)
ကိုးကား
နောက်ထပ်ကြည့်ရန်
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads