အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
မြန်မာနိုင်ငံဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Labour, Immigration and Population; အတိုကောက် MOLIP) သည် ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ပြောင်းလဲဖွဲ့စည်းခဲ့သော ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။[၁]နောက်ဆုံးဝန်ကြီးမှာ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထားသော ဦးမြင့်ကြိုင်ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂][၃]
Remove ads
အာဏာသိမ်းမှုဖြစ်ပွားသည့် ၆လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြောင်း၍ ဖွဲ့စည်းရာ ဤ ဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ပြန်လည် ခွဲထုတ်ခဲ့သည်။[၄]
Remove ads
ဖွဲ့စည်းပုံ
- လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန
- ပြည်သူ့အင်အား ဦးစီးဌာန
- အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန
- လူမှုဖူလုံရေးအဖွဲ့
- အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန
- အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန
ဝန်ကြီးများ
- ဦးသိန်းဆွေ (၃၀ မတ် ၂၀၁၆ - ၁ ဖေဖော်ဝါရီ ၂၀၂၁)
- ဦးမြင့်ကြိုင် (၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁ ဩဂုတ် ၂၀၂၁)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads