မြင့်ကြိုင်

ပြည်ထောင်စုဝန်ကြီး (လဝက) From Wikipedia, the free encyclopedia

Remove ads

ဦးမြင့်ကြိုင်  (၁၇ ဧပြီ ၁၉၅၇)[] သည် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ရှိ ဝန်ကြီး ဖြစ်သည်။[] သူ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စတင် ခန့်အပ်ခဲ့သည်။[] [] ယင်းနောက် ဦးမြင့်ကြိုင်သည်  အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း၊ ထိုမှတဆင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတဦးဝင်းမြင့် အစိုးရလက်ထက်တွင်လည်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။[]

အချက်တိုများ ဦးမြင့်ကြိုင်, လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ...
Remove ads

အစိုးရဝန်ထမ်းဘဝ

ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်  ၃၀ ဧပြီ ၂၀၁၅ တွင် ယင်းဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်အဖြစ်တာဝန်တိုးမြှင့်ပေးအပ်ခြင်းခံရသည်။[] []

တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံရေးရာထူးများ

ဦးမြင့်ကြိုင်သည် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ၎င်းအား သမ္မတဦးဝင်းမြင့် က ၄ ဖေဖော်ဝါရီ ၂၀၂၀ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။[] ထိုတာဝန်ကို ၁ ဖေဖော်ဝါရီ ၂၀၂၁ အထိ တာဝန်ယူခဲ့သည်။[] ယင်းနောက် ၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် စစ်ကောင်စီက ၎င်းအား အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။[၁၀]၂၀၂၁ ခုနှစ်ဩဂုတ် ၁ရက်တွင် စစ်ကောင်စီက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာန နှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟူ၍ ခွဲလိုက်ရာတွင် ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲသွားသည်။ နောက်ထပ် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ဦးမြင့်ကြိုင် သည်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြန်သည်။

Remove ads

ပိတ်ဆို့ခံရမှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင်  စစ်ကောင်စီက ဦးမြင့်ကြိုင်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ရာ ယင်းနှင့်စပ်လျဉ်းပြီး ၂၀၂၁ခုနှစ် ဇူလိုင် ၂ရက်နေ့တွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအရေးယူမှု စာရင်းတွင် ဦးမြင့်ကြိုင်လည်း ပါဝင်ခဲ့သည်။ [၁၁] [၁၂] ၂၀၂၃ ဇူလိုင် ၂၀ရက်တွင် ဥရောပသမဂ္ဂက လည်း ၎င်းကို ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။[၁၃] [၁၄]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads