အိချောပို
အနုပညာရှင် From Wikipedia, the free encyclopedia
Remove ads
အိချောပို (အင်္ဂလိပ်: Ei Chaw Po; ၁၉၉၀၊ ဇန်နဝါရီ ၃ ရက် မွေးဖွား) သည် မြန်မာနိုင်ငံသား မွန်အမျိုးသမီး သရုပ်ဆောင်၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် မြန်မာရုပ်ရှင်ဇာတ်ကားများတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့သည်။[၁][၂][၃]
Remove ads
ဘဝအစောပိုင်းနှင့် ပညာရေး
အိချောပိုကို ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးချိုမောင်၊ ဒေါ်သီတာစန်း တို့ဖြစ်သည်။ မောင်နှမသုံးယောက်ရှိပြီး ဒုတိယမြောက်သမီး ဖြစ်သည်။ သူသည် အထက်တန်းပညာရေးကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း − ကမာရွတ် တွင် တက်ရောက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် သူမသည် ရုပ်ရှင်ရိုက်ကူးရေးပညာ နှင့် ပြဇာတ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတဒီပလိုမာဘွဲ့ ရရှိခဲ့သည်။[၄][၅]
Remove ads
သက်မွေးမှုလုပ်ငန်း
သရုပ်ဆောင်
အိချောပိုသည် ကိုးတန်းတက်နေစဉ် ၂၀၀၆ ခုနှစ်တွင် မော်ဒယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူမသည် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများ၊ ကြော်ငြာများစွာတို့တွင် ကြော်ငြာမော်ဒယ်အဖြစ်လည်း လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ခုနှစ် သူမ သရုပ်ဆောင်တစ်ယောက် ဖြစ်လာသည့်အခါ ပိုမိုကျော်ကြားလာခဲ့သည်။ သူမ၏ ပွဲဦးထွက်ရုပ်ရှင်မှာ လှပသောဝဋ် ဇာတ်ကား ဖြစ်သည်။ ထိုဇာတ်ကားတွင် အိချောပိုသည် အဓိကနေရာမှ သရုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင် သူမသည် ယောက်ျားကို ရောင်းစားမယ် ဟူသော ဇာတ်ကားတွင်လည်း သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် သရုပ်ဆောင်ပြေတီဦးနှင့်အတူ ပထမဆုံး သရုပ်ဆောင်ခြင်း ဖြစ်ပြီး အဓိကနေရာမှ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် အိချောပိုဟု လူသိများစေခဲ့သည်။
၂၀၁၄ ခုနှစ်တွင် သရုပ်ဆောင် နေတိုးနှင့် အတူ ရွှေဒင်္ဂါးကို ထွေခင်းကစားမယ် ဇာတ်ကားရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားကို ညီညီထွန်းလွင်က ရိုက်ကူးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ သူမသည် ရုပ်ရှင်ကားကြီးပေါင်း ၉၀ ကျော်၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့သည်။ သူမသည် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် မြန်မာ့အကယ်ဒမီဆုအတွက် အကောင်းဆုံး သရုပ်ဆောင်အဖြစ် ဇကာတင်သတ်မှတ်ခြင်း ခံခဲ့ရသည်။
၂၀၁၇ ခုနှစ်တွင် သူမသည် သရုပ်ဆောင်လွှမ်းပိုင်နှင့် အတူ ကြွေ ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြသခဲ့သသည်။[၆][၇][၈]
ကြော်ငြာ
အိချောပိုသည် မြန်မာ့ဩဘာဓာတ်မြေဩဇာအတွက် သရုပ်ဆောင်နေတိုးနှင့်အတူ ၂၀၁၄ ခုနှစ်တွင် ဗီဒီယိုကြော်ငြာတစ်ခု ရိုက်ကူးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် သူမသည် Ve Ve အချိုရည်၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူမသည် မြန်မာနိုင်ငံရှိ များစွာသော ကြော်ငြာတို့တွင် ကြော်ငြာမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့သည်။
Remove ads
ရိုက်ကူးခဲ့သည်များ
ရုပ်ရှင်ကားကြီး
- ၉၀ ကျော်
ဗီဒီယိုဇာတ်ကား
- ၂၀၀ ကျော်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads