အိန္ဒုရွာ၊ ဘားအံမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
အိန္ဒုစံပြကျေးရွာသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။[၁] ဘားအံ-ကော့ကရိတ်-မြဝတီလမ်းနှင့် ဘားအံ-ဇာသပြင်-မော်လမြိုင်လမ်းပေါ်တွင် တည်ရှိသည်။
အိန္ဒုရွာ(အင်္ဂလိပ်: Eindu)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာတည်နေရာကုတ်မှာ ၁၆၉၃၄၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိန္ဒုကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၇၆၁ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၇၇၆၁ ဦး နေထိုင်သည်။ ဘားအံ-မြဝတီ လမ်းဘေးတွင် အိန္ဒုဈေး ရှိသည်။ နောင်လုံကျေးရွာ ဘားအံ-အိန္ဒုလမ်းတွင် မြပုဝါဈေး ရှိသည်။ အစိုးရပိုင် အိန္ဒုတိုက်နယ်ဆေးရုံသည် ကုတင် (၁၆) လုံး ဆန့်သည်။ အိန္ဒုတိုက်နယ်ကျန်းမာရေးဌာန ရှိသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads