အောက်မြန်မာပြည်

မြန်မာနိုင်ငံ၏ ပထဝီဆိုင်ရာနှင့် သမိုင်းတွင် ပိုင်းခြားခဲ့သော ဒေသ From Wikipedia, the free encyclopedia

အောက်မြန်မာပြည်
Remove ads

အောက်မြန်မာပြည် (အင်္ဂလိပ်: Lower Myanmar) (အကြေ ဟုလည်းခေါ်) သည် မြန်မာပြည် အောက်ပိုင်းဒေသ ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တိုင်းဒေသကြီးများဖြစ်သော ဧရာဝတီရန်ကုန်ပဲခူး နှင့် ကမ်းရိုးတန်းဒေသပြည်နယ်များ ဖြစ်သည့်ရခိုင်မွန်နှင့် တောင်တန်းဒေသပြည်နယ် ဖြစ်သည့် ကရင်ပြည်နယ် အပြင် တနင်္သာရီတိုင်းဒေသကြီးတို့ပါဝင်သည်။

Thumb
အောက်မြန်မာပြည်သည် ပန်းရောင် ဖြစ်၏

မြန်မာဘာသာစကားတွင် အထက်မြန်မာပြည်မှလူကို အညာသူ/သားနှင့် အောက်မြန်မာပြည်မှလူကို အကြေသူ/သား ဟုခေါ်သည်။ အောက်သူ/သား လို့လည်းခေါ်ကြသည်။

ယနေ့ခေတ် မြန်မာနိုင်ငံအောက်ပိုင်း နယ်မြေများသည် ၁၃ ရာစု နှောင်းပိုင်းအထိ ပုဂံဘုရင့်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခဲ့သည်။ ပုဂံဘုရင့်နိုင်ငံ ပြိုကွဲပြီးနောက် နယ်မြေများသည် မုတ္တမ ဟံသာဝတီဘုရင့်နိုင်ငံတော် ဖြစ်လာသည်။ ၁၆ ရာစုမှ ၁၈ ရာစုအလယ်ပိုင်းအထိ ပဲခူးသည် တောင်ငူမင်းဆက်၏နယ်‌မြေတစ်ခုဖြစ်သည်။ ၁၇၅၂ ခုနှစ်တွင် တောင်ငူမင်းဆက်ကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်ခဲ့သော်လည်း အလောင်းဘုရား ဦးဆောင်သော ကုန်းဘောင်မင်းဆက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ပဲခူးသည် အောက်ပြည်အမည်ဖြင့် ကုန်းဘောင်မင်းဆက်၏နယ်‌မြေဖြစ်လာသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်တွင်စစ်ရှုံးပြီးနောက် အရှေ့အိန္ဒိယကုမ္ပဏီသည် အောက်ပြည်၊ ပြည်မြို့နှင့် တောင်ငူမြို့တို့ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်အောက်ပြည်ကို ဧရာဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းလက်အောက်ခံ တောင်ငူခရိုင်နှင့် သံလွင်ခရိုင်ဟူ၍ ပိုင်းခြားခဲ့သည်။

၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် - မြန်မာစစ်တွင် ဗြိတိသျှအင်ပါယာမှ ရန္တပိုစာချုပ်အရ ရခိုင်‌ဒေသနှင့် ထားဝယ်(တနင်္သာရီ)ဒေသကို ဗြိတိသျှကို ပေခဲရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၇၉ ခုနှစ်တွင် ဗြိတိသျှမှ အောက်ပြည်ကို အပြီးအပိုင် သိမ်းပိုက်ခဲသည်။ အစောပိုင်း ၁၉ ရာစု မတိုင်ခင်အထိ မွန်နှင့် ကရင် အများစုနေထိုင်ခဲကြသည်။ မွန်လူမျိုးတို၏ သမိုင်းဝင် ဒေသဖြစ်ခဲသည်။

Remove ads

ပါဝင်သောဒေသများ

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads