အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅
မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ ၂၀၁၅ From Wikipedia, the free encyclopedia
Remove ads
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ရွေးကောက်ခံခဲ့ကြသည်။ ယင်းအမတ်နေရာများတွင် တပ်မတော်မှ တိုက်ရိုက်ခန့်အပ်မည့် နေရာများလည်း ပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲကို မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Remove ads
အလားအလာ ရှိသူများ
ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းသူများ ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတခန့်မည်ဟု ပြောဆိုသူများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းကန့်သတ်ချက်များအရ သမ္မတ ဖြစ်ခွင့် မရှိပေ။ သို့သော် NLD အနိုင်ရပါက သမ္မတအထက်မှနေ၍ အစိုးရအဖွဲ့ကို ဦးဆောင် စီမံခန့်ခွဲမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။[၂]
ယခင် စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဖြစ်ခဲ့သော သူရဦးရွှေမန်းသည်လည်း သမ္မတ ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သူသည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ်မှ ဖယ်ရှားခံထားရသည်။
Remove ads
ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ
2
ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ကြေညာချက်အမှတ် (၆၇/၂၀၁၅) ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ [၃] ရွေးကောက်ပွဲ မကျင်းပနိုင်သော နယ်မြေများမှာ
- မိုင်းရှူးမြို့နယ်
- မြို့နယ်တစ်ခုလုံး
- ကျေးသီးမြို့နယ်
- မြို့နယ်တစ်ခုလုံး
- တန့်ယန်းမြို့နယ်
- ကျေးရွာအုပ်စု (၃၇) အုပ်စု နှင့် ရပ်ကွက် (၅) ရပ်ကွက်
ရွေးကောက်ပွဲ ရလဒ်


၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာခဲ့သည့် ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့သည်။ အဆိုပါရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတ တစ်ဦးကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။[၄]
အမျိုးသားလွှတ်တော် ရလဒ်များ
စုစုပေါင်း | ၂၂၄ | ၁၀၀ |
ပြည်သူ့လွှတ်တော် ရလဒ်များ
စုစုပေါင်း | ၄၄၀ | ၁၁၀ | ၁၁၀ |
ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်
စုစုပေါင်း | ၈၆၄ | ၁၀၀ | ၁၀၀ |
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ နေရာ ပါဝင်သည်။
စုစုပေါင်း | ၂၉ | ၁၀၀ | ၁၀၀ |
Remove ads
အငြင်းပွားဖွယ်ရာများ
မဲစာရင်း အကြိမ်ကြိမ် မှားယွင်းခြင်း၊ ပဋိပက္ခဒေသများတွင် မဲပေးခွင့် ဖျက်သိမ်းခြင်း၊ လူနည်းစုတချို့ မဲပေးခွင့် မရှိခြင်းများနှင့် ပတ်သက်၍ မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြသည်။
"နိုင်ငံကို အုပ်ချုပ်နေပြီး တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကို မဲမပေးဘဲ မြန်မာပြည်သူ သန်းပေါင်းများက ဆန့်ကျင်စေကာမူ တပ်မတော်သည်သာလျှင် ပါဝါအစစ်အမှန်အဖြစ် ဆက်လက် ကျန်ရစ်လိမ့်မည်" ဟု The Economist စာစောင်က ဝေဖန်ရေးသားခဲ့သည်။[၇]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads