အောင်ဇေယျတံတား

From Wikipedia, the free encyclopedia

အောင်ဇေယျတံတားmap
Remove ads

အောင်ဇေယျတံတား (လှိုင်သာယာကြိုးတံတား၊ အင်းစိန်ကြိုးတံတား) သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် နှင့် အင်းစိန်မြို့နယ်သို့ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား တစ်စင်းဖြစ်သည်။ မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တို့၏ အရှည်ဆုံး ပန်ကာဒီဇိုင်းကြိုးတံတားဖြစ်သည်။ အရှည် ၁,၇၆၄ မီတာ (၅,၇၈၇ ပေ) ရှည်သည်။ ၄ လမ်းသွား ၁၄ မီတာ (၄၆ ပေ) အကျယ်ကားလမ်း နှင့် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိ လူသွားလမ်းနှစ်ခု ပါဝင်သည်။ တံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အချက်တိုများ အောင်ဇေယျတံတား, ကိုဩဒိနိတ် ...
Remove ads

တံတားအချက်အလက်များ

အောင်ဇေယျတံတားသည် လှိုင်မြစ်ကို ဖြတ်သန်းရန် တည်ဆောက်ထားသည့် ဒုတိယမြောက်တံတား ဖြစ်သည်။ လှိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တစ်ခုတည်းသော ကြိုးတံတားလည်းဖြစ်သည်။ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၆၀ တန် ဖြစ်သည်။ အရှည် ၁,၇၆၄ မီတာ (၅,၇၈၇ ပေ) ရှည်ပြီး လှိုင်မြစ်လမ်းပေါ်တွင် တည်ဆောက်ထားသည်။ ၄ လမ်းသွား ၁၄ မီတာ (၄၆ ပေ) အကျယ် ကားလမ်း နှင့် ၂ မီတာ (၆.၆ ပေ) အကျယ်ရှိ လူသွားလမ်းနှစ်ခု ပါဝင်သည်။ အင်းစိန်ဘက် ချင်းကပ်လမ်းတွင် ၅၅၀ မီတာ (၁,၈၀၀ ပေ) ရှိ၍ လှိုင်သာယာဘက်ချဉ်းကပ်လမ်းတွင် ၆၀၃ မီတာ (၁,၉၇၈ ပေ) ရှိသည်။ ရန်ကုန်မြို့၏ အဓိကတံတား ၉ စင်းမှ တစ်စင်းဖြစ်သည်။ကွန်ကရစ်တိုင် ဖြင့် သံမဏိကြိုးများဆိုင်းထားသော တံတားဖြစ်သည်။ သံမဏိကြိုးဆိုင်းထားသောနေရာတွင် အောက်ခြေကို သံပေါင်ဖြင့် ဆောက်လုပ်ထားသည်။ အများဆုံးကွေ့ ဒီဂရီမှာ ၉ ဒီဂရီဖြစ်သည်။

Remove ads

သမိုင်းကြောင်း

အောင်ဇေယျတံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။စတင်ဆောက်လုပ်ချိန်မှာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ဖြစ်ကာ လုပ်ငန်းပြီးဆုံးချိန်မှာ ၂၀၀၅ ခုနှစ် ဖြစ်သည်။

တည်ဆောက်မှု

အောင်ဇေယျတံတား ကိုတည်ဆောက်ရခြင်းမှာ ဘုရင့်နောင်တံတား အမှတ် ( ၁ ) ယာဉ်ကြောရှုပ်ထွေးကြောင့်ဖြစ်သည်။

ခေါ်တွင်ပုံ

Thumb

အလောင်းမင်းတရား(ဦးအောင်ဇေယျ)ကို ဂုဏ်ပြုသောအားဖြင့် ကမ္ပည်းမော်ကွန်းတင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.

    Remove ads