လှိုင်သာယာမြို့နယ်
ရန်ကုန်မြို့၏အစိတ်ပိုင်းတစ်ခု From Wikipedia, the free encyclopedia
Remove ads
လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ပိုင်းတွင် တည်ရှိသည်။ လှိုင်သာယာမြို့နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ အရှေ့ဘက် ရန်ကုန်မြစ်တလျှောက်တွင် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိသည်။
Remove ads
လှိုင်သာယာဟူသောအမည်မှာ ရန်ကုန်မြို့နှင့် မြို့တည်နေရာကို ခြားထားသော လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်တို့မှ ပေါများခြင်း၊ စည်ပင်ခြင်းအဓိပ္ပာယ်ရှိသော လှိုင်နှင့် မြို့သစ်မတည်မီကရှိခဲ့သော သာယာကုန်းကျေးရွာမှာ သာယာခြင်း ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ရှိသော သာယာတို့ကို ပေါင်းဖတ်၍ ပေးခဲ့ခြင်းဖြစ်သည်။[၁]
လှိုင်သာယာမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုနှင့် ကျေးရွာစု (၉)စုတို့ဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၀)ခုနှစ်ပိုင်းတွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် အတိုးတက်ဆုံးမြို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကြီးဆုံးစက်မှုဇုံဖြစ်သော လှိုင်သာယာစက်မှုဇုံ၊ ပဒေသာပင်မြို့တော်အိမ်ရာနှင့် ပန်းလှိုင်အိမ်ရာတို့ ဤမြို့နယ်တွင် တည်ရှိသည်။ ဤမြို့နယ်သည် တွံတေးမြို့နယ်နှင့် ပန်းလှိုင်တံတားဖြင့် ဆက်သွယ်ထားပြီး အခြားမြို့နယ်များနှင့် အောင်ဇေယျတံတား၊ ဘုရင့်နောင်တံတား(၁)၊ ဘုရင့်နောင်တံတား(၂)တို့ဖြင့် ဆက်သွယ်ထားသည်။
အစိုးရ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၄) ကျောင်းရှိသည်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်-WYTU သည် ဤမြို့နယ်တွင် တည်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads