အောင်ပန်းမြို့

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia

အောင်ပန်းမြို့map
Remove ads

အောင်ပန်းမြို့ သည် ရှမ်းပြည်နယ်အတွင်းရှိ မြို့တမြို့ဖြစ်ပြီး ကလောမြို့နယ်အတွင်းပါဝင်သည်။

အချက်တိုများ အောင်ပန်းမြို့ ဝေင်ꩻအောင်ႏဗန်း, နိုင်ငံ ...
Thumb

ပင်းတယမြို့၊ ပင်လောင်းမြို့၊ ဟဲဟိုးမြို့ နှင့် ကလောမြို့ဝန်းကျင်ရှိ တိုင်းရင်းသူ တိုင်းရင်းသားတို့၏ လယ်/ယာမြေများမှစိုက်ပျိုးပြီး ထွက်ရှိလာသောအသီးအရွက်များရောင်းချပြီး ငွေဖော်ရာနေရာတစ်ခုလည်း ဖြစ်သည်။ အောင်ပန်းတွင် အလွန်စည်ကားသော မြို့မအပေါ်ဈေး<နှင့် အောက်ဈေးဟူ၍ ဈေးနှစ်နေရာရှိသည်။ အပေါ်ဈေးတွင် အောင်ပန်းမြို့သူ၊ မြို့သားများနှင့် အောင်ပန်းမြို့သို့ လာရောက်သူများဖြင့် စည်ကားသကဲ့သို့၊ အောက်ဈေးတွင် အသီးအရွက်များလာရောက်ရောင်းချသော တောင်သူများ၏၊ ထော်လာဂျီများ၊ သယ်ယူပို့ဆောင်ရေးကုန်တင်ယာဉ်ကြီးများနှင့် အသီးအနှံများအရောင်းအဝယ်ပြုလုပ်ရာ ပွဲရုံကြီးများဖြင့် အမြဲစည်ကားလျက်ရှိသည်။

အောင်ပန်းမြို့တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး အများစုမှာ ဓနု၊ ဗမာ၊ တောင်ရိုး၊ ပအိုဝ်း လူမျိုးများဖြစ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads