အူလ်ဆန်မြို့

From Wikipedia, the free encyclopedia

အူလ်ဆန်မြို့
Remove ads

အူလ်ဆန်မြို့(ကိုရီးယား: 울산시)သည် တောင်ကိုရီးယားနိုင်ငံ၏ ၇မြို့မြောက် မက်ထရိုပိုလစ်မြို့ဖြစ်ကာ ၈မြို့မြောက် အကြီးဆုံးမြို့ဖြစ်သည်။ တရားဝင်အားဖြင့် အူလ်ဆန် မက်ထရိုပိုလစ်တန် မြို့ဟုခေါ်ကြသည်။ လူဦးရေ ၁.၁ မီလီယံ ရှိသည်။[]တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိကာ တောင်ဘက်တွင် ဘူဆန်မြို့၊ မြောက်ဘက်တွင် ဂယောင်းဂျူမြို့တို့ တည်ရှိသည်။

အချက်တိုများ အူလ်ဆန်မြို့ 울산시, အူလ်ဆန် အထူးမြို့တော် ...

အူလ်ဆန်မြို့သည် တောင်ကိုရီးယားနိုင်ငံ၏ စက်မှု ထုတ်ကုန်မြို့တော်ဖြစ်ကာ အူလ်ဆန် စက်မှုခရိုင်၏ မြို့တော်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကား ပစ္စည်းစက်ရုံဖြစ်သော ဟျောန်ဒယ် မော်တာကုမ္ပဏီ၏ ကားပစ္စည်းစက်ရုံတည်ရှိသည်။[] Hyundai Heavy Industries၏ ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းလည်း တည်ရှိသည်။[]

Remove ads

အုပ်ချုပ်ရေး

အုပ်ချုပ်ရေး ဒေသများ

အောလ်ဆန်ကို ခရိုင်လေးခုနှင့် ကောင်တီ တစ်ခု ခွဲခြားထားသည်။

အောလ်ဆန် မြို့တော်ကောင်စီ

ကောင်စီကို အောက်ပါတို့ဖြင့် ဖွဲ့စည်းထားသည်။

  • ဥက္ကဋ္ဌ
  • ဒုတိယ ဥက္ကဋ္ဌ ၂ဦး
  • အမြဲတမ်း ကော်မတီ
    • ဦးဆောင် ကော်မတီ
    • အုပ်ချုပ်ရေး ကော်မတီ
    • ပတ်ဝန်းကျင်နှင့် လူမှုဖူလုံရေး ကော်မတီ
    • စက်ရုံနှင့် ဆောက်လုပ်ရေး ကော်မတီ
    • ပညာရေး ကော်မတီ
  • အထူး ကော်မတီများ
    • ဘတ်ဂျက်နှင့် ငွေစာရင်း အထူးကော်မတီ
    • ကျင့်ဝတ်ရေးရာ အထူးကော်မတီ
Remove ads

စီးပွားရေး

Thumb
အောလ်ဆန် ဗဟိုဈေး ဝင်ပေါက်

အောလ်ဆန် စက်မှုခရိုင်၏ အလယ်တွင် တည်ရှိ၍ Hyundaiလုပ်ငန်းစုကြီး၏ အခြေခံရာ မြို့ဖြစ်သည်။၁၉၆၂မတိုင်ခင်က အောလ်ဆန်မှာ ငါးဖမ်းဆိပ်ကမ်းနှင့် ဈေးကွက်သာဖြစ်သည်။ တောင်ကိုရီးယား၏ ပထမ ၅နှစ်စီးပွားရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သောကြောငိ့ အောလ်ဆန်မှာ တိုးတက်လာသည်။ အစိုးရအနေဖြင့် အဓိက စက်မှုလုပ်ငန်းကြီးများဖြစ်သော ဆီစစ်စက်ရုံ၊ ကားပစ္စည်းစက်ရုံ စသည့် စက်ရုံကြီးများကို အားပေးကာ တည်ဆောက်ခဲ့သည်။၁၉၆၂ခုနှစ်တွင် Bangeojin သင်္ဘောကျင်းကို မြို့မှ သိမ်းယူလိုက်သည်။

သင်္ဘော

ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းမှာ အောလ်ဆန်မြို့တွင် တည်ရှိသည်။[]ထို့အပြင် ကမ္ဘာ့ဒုတိယ အကြီးဆုံး ဆီစစ်စက်ရုံလည်း တည်ရှိသည်။

ကား

အောလ်ဆန်သည် ကမ္ဘာ့ အကြီးဆုံး ကားပစ္စည်း ထုတ်လုပ်ရာ နေရာဖြစ်လာသည်။[]

Lithium-ion ဘက်ထရီ ထုတ်လုပ်ခြင်း

၂၀၁၁ခုနှစ် နိုဝင်ဘာလတွင် SB LiMotiveမှ အောလ်ဆန်တွင် လီသီယမ်-အိုင်းယွန်း ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံကို ဖွင့်လှစ်ခဲ့သည်။ []

Remove ads

ပို့ဆောင် ဆက်သွယ်ရေး

မြို့၏ ပို့ဆောင်ဆက်သွယ်ရေး ဌာန လျှပ်စစ်ရထားလိုင်း တစ်ခုကို တည်ဆောက်ရန် စီစဉ်ကြသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အခြား ကိုရီးယားမြို့များကဲ့သို့ပင် ကောင်းမွန်သည်။ ဘတ်စ်ကားစနစ်သည် မှတ်တိုင်အများစု၌ ETAစနစ်ကိုပြသည်။ []

အောလ်ဆန်လေဆိပ်ကို ၁၉၇၀ခုနှစ်တွင် တည်ဆောက်ခဲ့ကာ ၁၉၉၇ခုနှစ်တွင် တိုးချဲ့ခဲ့သည်။ ဆိုးလ်ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လေယာဉ်ချိန်၂၀၊ ဂျယ်ဂျူ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တစ်ပတ်၄ကြိမ် ပျံသန်းလျက်ရှိသည်။ ၂၀၁၀ခုနှစ် နိုဝင်ဘာလတွင်ကိုရီးယား မြန်နှုန်းမြင့် ရထားကွန်ယက် KTXကို အောလ်ဆန်မြို့သို့ တိုးချဲ့ခဲ့သည်။.[]ဤရထားလိုင်းမှာ မြို့တော်ဆိုးလ်သို့ ၂နာရီသာ ကြာမြင့်သည်။KTX၏ အောလ်ဆန် ဘူတာရုံမှာ အွန်ယန်းအနီးတွင် တည်ရှိကာ မြို့အချို့သို့ အဝေးပြေးကားရှိသည်။[] မြို့၏ မူလဘူတာရုံကို တေဝ မြစ် ဘူတာရုံဟု အမည်ပြောင်းခဲ့သည်။[]

အားကစား

တောင်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး ဘောလုံးလိဂ်ဖြစ်သော K League 1၏ ဘောလုံးအသင်းဖြစ်သော Ulsan Hyundai FCသည် အောလ်ဆန်မြို့မှ ဖြစ်သည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးတွဲကျင်းပသော ၂၀၀၂ ဖီဖာကမ္ဘာ့ဖလားအပြီးတွင် ဂျွန်ခရိုင်ရှိ အားကစားကွင်းမှ မန်ဆူ အားကစားကွင်းသို့ ပြောင်းရွေ့ခဲ့သည်။ ထိုကွင်းမှာ ၂၀၀၂ကမ္ဘာ့ဖလားပွဲစဉ်များစွာကို လက်ခံကျင်းပခဲ့သော ကွင်းဖြစ်သည်။အောလ်ဆန် ဟွန်ဒိုင်း မီပို ဒွန်ဖင် ဘောလုံးအသင်းမှာလည်း အောလ်ဆန်မြို့မှဖြစ်ကာ ၂၀၁၆ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

en:University of Ulsanအောလ်ဆန်တက္ကသိုလ်မှ အားကစားရေးရာများလည်းရှိသည်။ အောလ်ဆန်သည် ကိုရီးယား ဘတ်စကတ်ဘောလိဂ်မှ အောလ်ဆန် ဟွန်ဒိုင်း မိုဘစ် ဖိုးဘတ်စ်အသင်း၏ မြို့လည်းဖြစ်သည်။ သူတို့၏ အိမ်ကွင်းမှာ Dongchunဖြစ်ကာ ဂျွန်ခရိုင်တွင်ရှိသည်။ []

Thumb
မန်ဆူအားကစားကွင်း
Remove ads

ပထဝီဝင်အနေအထား

အောလ်ဆန်၏ အရှေ့ဘက်တွင် အရှေ့ဘက်ပင်လယ်မှ အနားသတ်ထားသည်။ ဘူဆန်မြို့မှာ တောင်ဘက် ၇၀ km (၄၃ mi) အကွာတွင် တည်ရှိသည်။

ရာသီဥတု

အောလ်ဆန်တွင် မုတ်သုံရာသီဥတု လွှမ်းမိုးပြီး စိုစွတ်သော နွေးသမ ရာသီဥတုရှိသည်။

နောက်ထပ် အချက်အလက်များ Ulsan (1981–2010, extremes 1931–present) အတွက် ရာသီဥတု အချက်အလက်များ, လ ...
Remove ads

ခရီးသွား ဆွဲဆောင်မှုများ

Yeongnam Alps

မြင့်မားသော တောင်၇လုံးရှိသည်။၎င်းတို့မှာ ဂါဂျီဆင်၊ ဆင်ဘာဆင်၊ ဂန်ဝိုဆင်၊ ျောင်ဝမ်ဆင်၊ ယောင်ချောက်ဆင်၊ ဂိုယောင်ဆင်၊ ဂျေယခ်ဆင် (Gajisan, Sinbulsan, Ganwolsan, Cheonhwangsan, Yeongchuksan, Goheonsan, Jaeyaksan) တို့ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀မြင့်ကြသည်။ အုပ်ဆေး ပွဲတော်ကို နှစ်စဉ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိပြီး ၎င်း၏ ငွေရောင် မြက်များကြောင့် ထင်ရှားသည်။

"အောလ်ဆန်တံတား" အောလ်ဆန်-ဒေးဂျုံ ဆက်သွယ်ရေးတံတားကို ဟွန်ဒိုင်းဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့သည်။ အနီးနားရှိ မျော်စင်မှ အောလ်ဆန်ပင်လယ်ကွေ့ကို မြင်တွေ့ရကာ ဟွန်ဒိုင်း မော်တာနှင့် ဟွန်ဒိုင်း သင်္ဘောကျင်း အဆောက်အအုံများကို ကြည့်နိုင်သည်။

Oegosan Onggi ရွာ

ကိုရီးယား၏ အကြီးမားဆုံး ရိုးရာ လူမျိုးများဖြစ်သော အွန်းဂီတို့၏ရွာသည် အိုဂွန်းဆန်းဖြစ်သည်။ ထိုလူမျိုးများ၏ ထုတ်ကုန်များကို ဤနေရာတွင်ပြုလုပ်သည်။ အွန်းဂီ အလုပ်ရုံနှင့် မီးဖို အပါအဝင် လုပ်ငန်းများဖြင့် ခရီးသွားများကို ဆွဲဆောင်သည်။ အောလ်ဆန် အွန်းဂီ ပြတိုက်သည် အွန်းဂီလူမျိုးများ၏ သမိုင်းကြောင်းနှင့် မတူကွဲပြားသော ပစ္စည်းများကို ပြသထားသည်။


ဂျန်ဆေးပို ဝေလငါးပြတိုက် နှင့် ဝေလငါး ဂေဟစနစ် အတွေ့အကြုံခန်းမ

ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော ဝေလငါးပြတိုက်ဖြစ်သည်။ ဂျန်ဆေးပို ဝေလငါးပြတိုက်သည် ဝေလငါးနှင့် ပက်သက်သော အစိတ်အပိုင်းများကို စုဆောင်း ထိန်းသိမ်း ခင်းကျင်းပြသထားသည်။ ၁၉၈၆မှ စ၍ တစ်ကမ္ဘာလုံးတွင် ဝေလငါးဖမ်းခြင်းကို တင်းကြပ်ပြီးနောက် ထိုအရာများမှာ ရှားပါးလာသည်။ ပြတိုက်တွင် အဏ္ဏဝါ ဂေဟစနစ်၊ ဝေလငါးနှင့် ပက်သက်၍ အမျိုးမျိုးသော အချက်အလက်များကို ရရှိနိုင်၍ ပညာရေး၊ သုတေသနနှင့် လေ့လာရေး ကဏ္ဍများအတွက် လွန်စွာ အသုံးဝင်သည်။

အောလ်ဆန် ဂရန်း ပန်းခြံ:ဤပန်းခြံမှာ ကိုရီးယား၏ အကောင်းဆုံးသော မြို့တွင်းဂေဟ ပန်းခြံဖြစ်သည်။ဧရိယာ အားဖြင့်  ၃,၆၄၀,၀၀၀ m2 (၃၉,၁၈၀,၆၃၄ sq ft)ရှိသည်။သဘာဝ၊သန့်ရှင်းခြင်းနှင့် သက်တောင့်သက်သာရှိခြင်းမှာ ဆောင်ပုဒ်ဖြစ်သည်။

စက်ရုံ ခရီးစဉ်များ

အောလ်ဆန် စက်မှုဥယျာဉ်သည် ၂၁ရာစုတွင် ပစိဖိတ်ရင်း စက်ရုံကို ဦးဆောင်နေသည်။ အောလ်ဆန်တွင် ဟွန်ဒိုင်းလုပ်ငန်းစု၏ စက်ရုံများစွာရှိသည်။

ကမ်းခြေ ခရီးစဉ်များ

အောလ်ဆန်တွင် လှပသော ကမ်းခြေများရှိသည်။ ဒေးဝန်းဂမ်ပန်းခြံမှာ စိမ်းလန်းစိုပြေသော နှစ်တစ်ရာကျော် ထင်းရှူးပင်များရှိသည်။ဂန်ဂျီလုပ်အငူသည် ကိုရီးယားကျွန်းဆွယ်မှ ပထမဆုံး နေထွက်သည်ကိုမြင်ရသည့် နေရာဖြစ်သည်။ နှစ်သစ်ကူးနေ့များတွင် နေထွက်ခြင်းပွဲတော်များကို ကျင်းပကြသည်။

Remove ads

မီဒီယာ

မွန်ဟွာ ရုပ်သံလွှင့် ကော်ပိုရေးရှင်း၏ ရိုက်ကွင်း နေရာများစွာ ရှိသည်။

အမြွှာမြို့များ - ညီအမမြို့တော်များ

[၁၃]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads